Bro 17

1K 150 89
                                    


နမ်ဂျွန်းဖုန်းကိုဆော့ဂျင်ဆွဲယူကြည့်လိုက်မိသည်။ တဂယ်ကြီးကိုကိုနဲ့စီနီယာက~ သူဆိုင်ကယ်‌သော့ကို ကောက်ကိုင်ရင်းတနေရာကိုအပြေးအလွှားသွားနေမိသည်။

"မဟုတ်ဘူးမလားစီနီယာ
မဟုတ်ဘူးလို့ပြောပေးပါ ကျေးဇူးပြုပြီး "

အလွတ်ရနေတဲ့ အိမ်တံခါးလော့ကိုဖွင့်နေပေမဲ့သူ့လက်တွေတုန်ရီနေတာမို့ အလွဲလွဲအချော်ချော်ဖြစ်နေသည်။

"စီနီယာ့ စီနီယာ" စီနီယာ့ကိုတသွင်သွင်ခေါ်ရင်းလိုက်ရှာမိတော့ထုံးစံအတိုင်းဟိုအခန်းထဲတွင်ပင်။

"တံခါးမခေါက်တတ်ဘူးလား " 

သူ့ကိုလှည့်ပင်မကြည့်စွာ ဆွဲလက်စပန်းချီကိုသာဆွဲနေသောစီနီယာ့နှလုံးသားထဲတွင်သွေးတွေကောစီးဆင်းနေရဲ့လား
ဒီအတိုင်းအခွံလွတ်ကြီးဘဲဖြစ်နေမလားဆော့ဂျင်တွေးမိသွားသည်။

"Ig ကဟာကဘာလည်း စီနီယာ
အခုဘာတွေဖြစ်နေတာလည်း
ကျွန်တော်တို့မတွေ့တာ နေ့တပိုင်းဘဲရှိသေးတယ်လေ လိုက်မမှီတော့လို့ကျွန်တော့်ကိုရှင်းမပြပေးချင်ဘူးလား"

သူကသာအသည်းသန်ဖြစ်နေပေမဲ့ စီနီယာကတော့သူ့ပန်းချီကိုသာအာရုံပြုထားပြီး
အသက်ကိုမှန်မှန်ရှူနေနိုင်သည်။
ဘေးနားကဖန်ခွက်ထဲအပြည့်ထည့်ဖျော်ထားသော ကော်ဖီကိုတစ်ငုံမော့သောက်လိုက်ရင်းမှ ပျင်းရိနေဖွယ်အသံနှင့်ဆိုလာသည်။

"ရည်းစားတွေဖြစ်သွားလို့ relationship ချိတ်တာလေ ထူးဆန်းလို့လား"

"ဒါဆိုကျွန်တော်ကရော စီနီယာ
ဟမ် ကျွန်တော်ကကောလို့
ကျွန်တော်ကစီနီယာ့ဘဝထဲမှာ ဘာမှမဟုတ်တဲ့လူဘဲလားလို့ "

"အခုမှသိတာလား  "

"မဟုတ်ဘူး မညာနဲ့
စီနီယာခံစားချက်တွေရှိနေတာ
ကျွန်တော်သိတယ် "

"ငါပြောမိလို့လား
ငါမင်းအပေါ်ခံစားချက်ရှိနေတယ်လို့ ဝန်ခံဖူးလို့လား
ဒီတစ်လျှောက်လုံး မင်းဘဲငါ့ကိုလိုက်ကပ်နေတာလေ,ယုတ်ဆွအဆုံး ငါမင်းဆီဖုန်းလေးတကောဝောာင်စဆက်ဖူးလို့လား
အထင်မှားမနေနဲ့ဂင်ဆော့ဂျင်
ငါအရင်ထဲကကြိုက်တာမင်းအကိုဘဲ
အခုကြိုက်တာလည်းသူဘဲ
နောက်လည်း...."

BroWhere stories live. Discover now