စီနီယာက ကျွန်တော့်ကိုနာကျင်အောင်ဘယ်လိုလုပ်ရမလဲကောင်းကောင်းသိတယ်။
ကိုကို့ကိုယ်ပေါ်မှာ လှပသေသပ်စွာနေရာယူထားတဲ့ ဆွယ်တာအပြာလေးကိုကြည့်ရင်းဆော့ဂျင်အသက်ရှူဖို့မေ့လောက်အောင်ထိငြိမ်သက်နေမိသည်။ သို့သော်ငြိမ်သက်နေခြင်းတွင် ခုံအောက်တွင်ဖွက်ထားမိသောလက်လေးတစ်စုံတော့မပါခဲ့။ လက်ချောင်းထိပ်ကလေးများသည် နာကျင်မှုကြောင့်တုန်ရီနေသည်။"ကိုယ့်ထက်ထယ်နဲ့ပိုလိုက်တာဘဲ"ဟုဆိုကာ ကိုကို့နဖူးကိုအနမ်းပေးလာသော
စီနီယာသည်ဘာရည်ရွယ်ချက်ဖြင့်ကျွန်တော်တို့တုန်းကနှင့်တူညီသောစကားများကိုဆိုကာ တူညီသောအပြုအမူများကိုပြုမူနေသလည်းသူတွေးမရခဲ့ပါ။ မဟုတ်မှကျွန်တော်နှင့်ရှိခဲ့ဖူးသောအမှတ်တရများကိုမလိုလားသဖြင့် စနစ်တကျဖျက်ဆီးနေခြင်းမျိုးလားစီနီယာ။ သိလိုစိတ် ၊မသိရဲစိတ်များစွာနဲ့စီနီယာကိုဦးမော့ကြည့်လိုက်ပါသည်။ အမြဲလိုလိုမော်ကြည့်ခဲ့သလိုမျိုး သူကြည့်ခဲ့ပါသည်။
သူ့ကိုပြန်လည်စိုက်ကြည့်လာသောမျက်ဝန်းနက်များတွင် အနိုင်ယူလိုစိတ်တွေ အနိုင်ရရှိခဲ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဂုဏ်ယူစိတ်ပေါင်းများစွာမြင်တွေ့လိုက်ရတဲ့အခါ သူဝမ်းနည်းအံ့ဩရပါ၏။
ဝမ်းနည်းရခြင်းမှာ စီနီယာ့ရဲ့ပြိုင်ဆိုင်လိုစိတ်ကြောင့်ဖြစ်သည်။ ရန်သူတွေမှာဘဲရှိတတ်သော ပြင်းပြတဲ့အနိုင်ယူလိုစိတ်မျိုးစီနီယာ့မျက်ဝန်းများမှာပြည့်နက်နေသည်။
လူကော နှလုံးသားကောလိုလိုလားလားအရှုံးပေးခဲ့သူအား စီနီယာဘာကြောင့်ရန်ထပ်လိုနေရတာလည်း။
အံ့ဩရခြင်းမှာတော့"စီနီယာဘာကြောင့်များကျွန်တော့်ကိုရန်သူတစ်ယောက်လိုတွေးရက်ရတာလည်း
စီနီယာ့ကိုဖြူဖြူစင်စင်ချစ်ခဲ့တဲ့သူအပေါ်ဘာလို့အငြှိုးတကြီးတုန့်ပြန်ရတာလည်း
အချစ်ကိုဘာလို့ပြိုင်ပွဲတစ်ခုလို့စဉ်းစားရတာလည်း ဘာလို့ကျွန်တော့်ကိုမှလည်း တခြားသူတွေနဲ့ဆိုချိုသာသလောက် ဘာလို့ကျွန်တော့်ကိုဘဲရွေးပြီးစိတ်ရိုင်းတွေနဲ့ဆက်ဆံရတာလည်း"
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook