"ဒါဆိုကျွန်တော်စီနီယာ့ကို ပိုးလို့ရမလား"
သုံးဆယ်စက္ကန့်စာလောက် ဂျောင်းဂု ဆော့ဂျင်မျက်ဝန်းများကိုငေးကြည့်နေမိသည်။
နိုး ပြောစရာစကားပျောက်ရှနေတာဆိုပိုမှန်မည်။ ဒီတိုင်း သူ,သူသေးသေးလေးသာဖြစ်ပြီးပျောက်သွားချင်မိသည်။"ဖြေပေးပါ ဖြေပေးပါ ဖြေပေးပါ"
လူအုပ်ကြားထဲမှ သောင်းသောင်းဖျဖျ အားပေးသံများပေါ်ထွန်းလာသည်။ လက်ခုပ်လက်ဝါးတီးသံ တစ်ချို့လည်း
ဆူညံနေလျှက်...။
အဲ့ဒီလှောင်ပြုံးတွေမုန်းတယ်။
ဂင်ဆော့ဂျင် မင်းကိုမုန်းတယ်။"စီနီယာကိုကြိုက်လို့ရလားလို့"
"မရဘူး
လုံးဝမရဘူး"ခါးခါးသီးသီးငြင်းဆန်ပြီးနောက် ဂျောင်းဂု စင်ပေါ်မှဆင်းလိုက်သည်။ ဒီစောက်ရူးကောင်နှင့် စကားဖက်ပြောချင်စိတ်မရှိ။
" ဒါဆိုနောက်ထပ်တစ်ယောက်
မိတ်ဆက်ကျမလား""ကျွန်တော်လုပ်မယ်"
"နာမည် ဂင်ဆော့ဂျင်
အသက် ၂၁
ရုပ်ရည်ကြည့်ကောင်းပြီး အရက်သောက်တာတော်တယ်
ဘယ်အချိန်ဖြစ်ဖြစ် အရက်သောက်ချင်ရင် message ပို့လို့ရတယ်""ဝိုး မိုက်တယ်"
"ကြည့်ကောင်းတယ်ဘရို"
ချီးကျူးစကားများဖြင့် ဟောခန်းတစ်ခုလုံးလွှမ်းခြုံသွားသည်။ထိုထဲတွင် မကျေနပ်စွာရေရွတ်သံတစ်ခုလည်းအပါအဝင်ဖြစ်၏။
"ချီးယား'"
စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံသည် အသွေးအသားတွေအထိပါ ထိုးဖောက်ဝင်လာတော့မယောင်ခံစား နေရသည်။
ဒီမွန်းကြပ်စရာကောင်းတဲ့အခြေနေကိုဂျောင်းဂုမကြိုက်လှ။
အိမ်ပြန်ချင်သည်
(သို့မဟုတ်)
ထိုကောင်ကိုဆွဲထိုးချင်သည်။
ထိုကောင်ကိုသူထိုးမရ
ထို့အပြင် အိမ်ပြန်ရဖို့အချိန်သည် ရှည်ကြာလွန်းလှသည် တွေးနိုင်တဲ့အဖြေကတစ်ခုထဲ မူးပြီးမှောက်သွားကာ ဒီအခြေအနေကရုန်းထွက်ပစ်ချင်သည်။
ဒီလို MT မျိုးကို တတိယနှစ်ကျောင်းသားပီပီ သုံးနှစ်ဆက်တိုက်လုပ်လာခဲ့ဖူးပေမဲ့ ဒီနှစ်ကိုတော့ထူးထူးဆန်းဆန်းမုန်းသည်။
YOU ARE READING
Bro
أدب الهواةဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook