Bro 7

892 132 21
                                    

""မစားနဲ့တော့"

"ဟင့်အင်းကုန်အောင်စားမှာ
ကိုယ်ကြိုက်တယ် သည်းတုံးအစပ်ကြိုက်တာမို့ ကိုယ်လည်းကြိုက်တယ်"

ပြောပြီးတာနှင့် နဖူးပေါ်ကချွေးကိုလက်ခုံဖြင့်သုတ်ကာ စားလက်စကိုဆက်စားနေသူအား ဂျောင်းဂုမျက်တောင်မခတ်ကြည့်နေမိသည်။

မင်း…မင်းကဘာလိုချင်တာလည်းဂင်ဆော့ဂျင်။ တဂယ်ဘဲငါ့ကိုနှောင့်ယှက်ဖို့သက်သက်ကောဟုတ်ရဲ့လား
ထယ့်ဘေးနားကငါ့ကိုထွက်သွားစေချင်တာကမင်းရည်ရွယ်ချက်အစစ်ကောဟုတ်ရဲ့လား
အဲ့လိုမဟုတ်ဘဲ မင်းဘေးနားကိုငါ့ကိုရောက်စေချင်တာများ ဆက်မတွေးနဲ့တော့ ဂျွန်းဂျောင်ဂု ရပ်လိုက်တော့!!
ဂျောင်းဂုခေါင်းကိုခပ်ကြမ်းကြမ်းရမ်းခါလိုက်မိ၏။

"စပ်နေတယ်လေ စပ်နေတယ်မဟုတ်လား
ဘာလို့ဆက်စားနေရသေးတာလည်း "

"အစားကုန်အောင်စားတဲ့သူကိုကြိုက်တယ်ဆို ကိုယ်သည်းတုံးကြိုက်တဲ့သူဖြစ်ချင်တယ်လေ"

"မဟုတ်ဘူး အဲ့လိုလုပ်လည်းငါမင်းကိုမကြိုက်ဘူး"

စားလက်စဇွန်းကိုချကာ devilကောင်သည်သူ့အားစိုက်ကြည့်လာ၏။ ထို့နောက်ခေါင်းအားတဆတ်ဆတ်ငြိမ့်ကာ

"ကျွန်တော်သိပြီးသားပါစီနီယာ
ဆက်မစားတော့ဘူးမလား
ဒါဆိုသွားရအောင် ကျောင်းတော်တော်နောက်ကျနေပြီ "

ချက်ချင်းရုပ်တည်သွားသူသည် ပိုက်ဆံထရှင်းကာ သူ့ဆိုင်ကယ်ဆီတည့်တည့်မတ်မတ်လျှောက်သွားပြီး နောက်သို့တချက်လှည့်မကြည့်ပေ။ မသိတဲ့သူတွေဘေးမှာကြည့်နေပါကာ သမီးရည်းစားစိတ်ဆိုးစိတ်ကောက်သွားသောဖြစ်စဉ်မျိုးနှင့်တူလှသည်။
သို့သော်ထိုလူငယ်နှစ်ယောက်၏ပတ်သတ်မှုမှာခေါင်းစဉ်အတိအကျမရှိသည်မှာအတိအကျဖြစ်၏။

"ရော့"

ဆိုင်ကယ်ဦးထုပ်ကိုဂျောင်းဂုချွတ်ပေးလိုက်တော့ ထိုကောင်ကအသိအမှတ်ပြုပေးရုံခေါင်းငြိမ့်ပြပြီး လက်လှမ်းယူသည်။ ထို့နောက် ထို့နောက်တွင်တော့ဆက်ရှိမလာတော့ ဒါဘဲလား
အခုသူတို့ကိုယ်ပိုင်သက်ဆိုင်ရာအတန်းတွေဆီသွားရတော့မဲ့ဟာကို ဘာစကားမှမပြောဘဲလမ်းခွဲရတော့မှာလား။ သို့သော်
ဂင်ဆော့ဂျင်ကတော့ သူ့ခေါင်းပေါ်ကဦးထုပ်ကိုချွတ်ကာ လွယ်အိတ်ကိုလွယ်ပြီးသူ့ရှေ့ကထွက်သွားဖို့ရန်ပြင်သည်။

BroWhere stories live. Discover now