Bro 14

946 136 32
                                    


"စီနီယာကချစ်ဖို့ဘဲကောင်းတယ်
ချစ်လို့တော့မကောင်းဘူး"

"အဲ့တော့မင်းကမချစ်တော့ဘူးလား"

"ဟား  ဘယ်ပြောကောင်းမလည်း
ကျွန်တော်ကအဲ့ဒါလေးကိုမှအသေချစ်နေမိတာ"

ဆော့ဂျင်ရဲ့မေးဖျားလေးကိုဂျောင်းဂုလက်ညှိုးနဲ့ဖွဖွလေးတောက်လိုက်သည်။

"အရူးကောင်လေး"

"ဒါပေမဲ့ငါသဘောကျပါတယ် မင်းငါ့ကိုအဲ့လိုအသည်းသန်ဖြစ်နေတာကို"

ဆော့ဂျင်ကသူ့ရဲ့လက်ညှိုးတွေကိုဖမ်းကိုင်ရင်းပါးစပ်ထဲထည့်စုပ်လာသည်။

"ဟုတ်လား နောက်ဆို
စီနီယာကျွန်တော့်ကိုဒီ့ထက်ပိုကြွေသွားတော့မှာ
အဲ့လိုဖြစ်လာတဲ့အထိကျွန်တော်က
ပြွတ်စ်..မြူဆွယ်မှာ"

"ဟက် မင်းငါ့ကိုထိန်းချုပ်နိုင်ပါ့မလား ငါကလွယ်တဲ့ယောကျာ်းမျိုးမဟုတ်ဘူးနော်"

သူတဖန်အကျောမခံနိုင်စွာ ဂင်ဆော့ဂျင်ရဲ့ခါးသိမ်သိမ်လေးကို လက်တစ်ဖက်ဖြင့်ပွေ့ဖက်ရင်းလေသံအနိမ့်ဖြင့်ဆိုလိုက်သည်။

"ဒါဆိုrulesအဟောင်းတွေကိုပြင်လိုက်တော့
ကျွန်တော်ကစီနီယာ့ရဲ့ချွင်းချက်လေးဖြစ်လာဝောာ့မှာမို့"

နှုတ်ခမ်းပါးနှစ်စုံထပ်တူကျသွားသလို စီးကရက်ဘူးလေးဟာလည်း အချစ်ရူးနှစ်ယောက်ရဲ့ခြေရင်းမှာဝပ်ဝပ်တွားတွား။
ဆော့ဂျင်ရဲ့ခြေထောက်နှစ်ဖက်ကိုပင့်တင်ကာ ဂျောင်းဂုသူ့ခါးတွင်ချိတ်စေလိုက်သည်။
ပွေ့ချီလျှက်ပင်အနမ်းတို့ကိုဆက်ကာ kitchen အတွင်းကစားပွဲခုံအရှည်ပေါ်တွင်ဆော့ဂျင်ကိုယ်လုံးလေးကိုချလိုက်သည်။
အနမ်းတို့ကိုခေတ္တဖယ်ခွာရင်း ခုဏတည်ခဲ့သော ဆန်ပြုတ်အိုးကိုခလုတ်ပိတ်လိုက်သည်။ ဘာဘဲဖြစ်ဖြစ်စားဖို့မလိုတော့ဘူးဘဲလေ။

"မီနူးချိန်းသွားပြီဆိုတော့ ကိုယ်သွန်ပစ်လိုက်တော့မယ်"

ဆော့ဂျင်ခပ်ပါးပါးလေးပြုံးလိုက်သည်။သူမှတ်မိသလောက်ဆိုဂျောင်းဂုကဒီလိုအခိုက်တန့်တိုင်း သူ့ကိုသူ 'ကိုယ်' လို့သုံးလေ့ရှိပြီး သူ့အဲ့နာမ်စားကိုမဟားတရားသဘောကျသည်။

BroWhere stories live. Discover now