ဆော့ဂျင် password ကိုနှိပ်ပြီး မှောင်မဲနေတဲ့အိမ်ထဲဝင်ထိုင်လိုက်သည်။ ထို့နောက်အိတ်ကပ်ထောင့်ထဲအမြဲဆောင်ထားလေ့ရှိသော ဆေးလိပ်ဘူးကိုထုတ်ကာသောက်နေမိသည်။ အလင်းမဲ့နေသောအခန်းတွင်း သူနှင့်သူ့ဆေးလိပ်ငွေ့တွေသာအရိပ်ထင်နေသည်။
သူ့ခေါင်းသည်လည်းဗလာ
နှလုံးသားသည်လည်းဗလာ
အားလုံးဗလာဖြစ်နေသည်။"Fuck လန့်တာ
အမှောင်ထဲဘာထိုင်လုပ်နေတာလည်း
ငါလန့်ပြီးသေဝောာ့မယ်""ဟူး" နမ်ဂျွန်းစကားကိုသူမျက်ကွယ်ပြုရင်း အငွေ့တချို့မှုတ်ထုတ်လိုက်သည်။
လင်းထိန်းသွားသောအခန်းနှင့်အတူ သူသေးငယ်သွားသလိုခံစားရသည်။"မင်းနေလည်းကောင်းတာမဟုတ်ဘဲ
ဘာလို့ဆေးလိပ်တွေသောက်နေတာလည်း
မသောက်နဲ့တော့""....." သူတိတ်ဆိတ်နေတော့ နမ်ဂျွန်းကဘာမှဆက်ပြောမလာတော့ဘဲထိုင်နေရာမှထွက်သွားသည်။ သူ့ရဲ့မကောင်းတဲ့အကျင့်ကအဲ့ဒါဘဲ သူစိတ်ထဲအဆင်မပြေဘူးလို့ခံစားရတဲ့အခါ သူပထမဆုံးစကားတွေများမယ် ရန်တွေလိုမယ် ခဏကြာတဲ့အခါ ဘာစကားတခုမှထွက်မလာတော့ဘဲ တုံ့ပြန်မှုကင်းမဲ့နေမယ် လူသေတစ်ယောက်လိုမျိုး။
အခုဘေးမှာရှိနေတဲ့သူက ဂင်နမ်ဂျွန်းမို့တော်တော့သည်။ သူ့အကြောင်းအားလုံးသိနေသူမို့တော်သေးသည်။ မဟုတ်ရင်သူအားနာနေရမာ။"ငါခေါက်ဆွဲပြုတ်လာခဲ့တယ် စားလိုက်
ဘာမှမစားဘဲဆေးလိပ်သောက်မှာထက်စာရင် အဆိုးဆုံးမဟုတ်အောင်တခုခုစားလိုက်""မစားဘူး"
"ဂင်ဆော့ဂျင် ငါမင်းကိုတဂယ်စိတ်ဆိုးမိတော့မယ် "
"...."
"ဂျင်ရာ လိမ္မာတယ်နည်းနည်းဖြစ်ဖြစ်စားနော်"
"အမ်း အမ်း စားရင်ပြီးရောမလားတဂယ်ဘဲ"
သူ့အဖြေစကားအဆုံး
ဂင်နမ်ဂျွန်းကသူ့ပေါင်ပေါ်တွင်လှဲအိပ်ချလာသည်။"ဘာလုပ်ချင်လဲဆော့ဂျင်"
"ဘာတွေဖြစ်လာလည်းအရင်မေးသင့်တာမဟုတ်ဘူးလား"
"အဲ့ဒါတွေမပြောချင်လို့ ငါ့အိမ်မှာလာပုန်းနေတာမဟုတ်ဘူးလား မင်းအမြဲလုပ်နေကျဘဲဟာ
ပြီးတော့ငါလဲကျန်တာတွေမှမသိချင်တာ
မင်းစိတ်ကိုဘဲသိချင်တယ် ဦးစားပေးချင်တယ် မင်းဖြစ်ချင်နေတာတွေကို "
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook