"အရင်လိုမျိုးပြန်ဖြစ်ချင်တယ်"ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသောလက်တစ်စုံကိုဆော့ဂျင်ဖြည်ချလိုက်သည်။
"ဆော့ဂျင်"
"စီနီယာဘာအကြောင်းကိုပြောချင်နေမှန်း ကျွန်တော်မသိဘူး "
"မျက်လုံးကိုမှိတ်ထားရင်တောင်မင်းကိုဘဲမြင်နေရတယ် နားကိုပိတ်ထားရင်တောင်မင်းအသံတွေဘဲကြားနေရတယ် ငါ့အခန်းရဲ့နံရံတွေမှာလည်း မင်းအရိပ်တွေချည်းဘဲ ငါ့အိမ်မက်ထဲမှာကော လက်တွေ့ဘဝထိ အဲ့ဒါတွေကငါပြောချင်တဲ့အရာတွေဘဲ "
"ကျွန်တော်နဲ့နမ်ဂျွန်းနဲ့"
"ငါသိတယ်မပြောနဲ့"
"စီနီယာ"
"မင်းတစ်ခွန်းထပ်ပြောရဲရင် မပြောနိုင်အောင် ငါနမ်းမှာ ဂင်ဆော့ဂျင် ငါ"
"အဲ့လိုလုပ်လို့မရဘူး"
"ရတယ်ဂင်ဆော့ဂျင် မင်းပြောဖူးတယ် ဒီနှုတ်ခမ်းတွေကငါ့အပိုင်ပါလို့မင်းကတိပေးဖူးတယ် ငါပိုင်တယ် ငါဘဲပိုင်တာ
အခုထိငါ့အပိုင်ဘဲ ငါ့အပိုင်ပါကွာ"အော်ဟစ်ကြိမ်းမောင်းပြီးနောက် အားအင်ကုန်ခမ်းသွားသည့်နှယ်စီနီယာကသူ့ခြေထောက်နားလဲပြိုကျသွား၏။
သူမထူဖြစ်သလို စီနီယာလဲထမလာပါ။
ဒီနေ့အတူရှိနေပေးခဲ့တဲ့အရာက အရင်လိုစီနီယာနဲ့ခေါင်းစဉ်မရှိတဲ့အဆိပ်အတောက်ဆက်ဆံရေးဆီပြန်တိုးဝင်ဖို့မဟုတ်ကြောင်း
စီနီယာ့ကိုနားလည်စေချင်ပါသည်။
ကျရှုံးနေချိန်မှာအတူရှိပေးလိုစိတ် တစ်ယောက်ထဲမထားခဲ့ရစ်လိုစိတ်ဟာ အပိုင်ယူချင်သည့်လောဘမပါကြောင်း ဒီတိုင်းခဏလေးဖြစ်ဖြစ်အတူရှိပေးချင်ခဲ့ရုံပါ။"စီနီယာ"
မထင်မှတ်ထားသည့်ဂျောင်းဂုရဲ့လုပ်ရပ်ကြောင့် ဆော့ဂျင်ထိုသူ့နာမ်စားလေးအားရေရွတ်မိသွားသည်။
ကြမ်းပြင်ထက်ကဂျောင်းဂုသည်သူ့ဘေးနားမှာမလှုပ်မရှားရပ်နေသောခြေဖမိုးလေးအား လှမ်းနမ်းရှိုက်လိုက်ခြင်းပင်။
ခြေအိတ်ဝတ်လေ့မရှိသောဆော့ဂျင်အတွက် ထိုနှုတ်ခမ်းပါးပါးနှင့်သူ့ခြေချောင်းများကြားအထိအတွေ့ကိုနူးနူးညံ့ညံ့ထိထိမိမိခံစားလိုက်ရ၏။
YOU ARE READING
Bro
Fanfictionဟေ့လူ ကိုကြီးကိုမထိနဲ့ !! ဒီမှာတွေ့လားး အာဂလက်သီး~ Kim Seok Jin အဟွန်းး Jeon Jungkook