Bro 10

866 126 33
                                    

မြင့်ရာမှနိမ့်ရာသို့ ကျဆင်းလာသော
ရေတံခွန်သဖွယ် ရေပန်းလေးထဲမှ
ရေများကို ဆော့ဂျင် တစ်စိုက်မတ်မတ်စိုက်ကြည့်ရင်းပြုံးနေမိသည်။
ရေမှုန်ရေမွှားလေးတွေ ဘေးကိုလွင့်စင်သွားပုံက သိပ်ကိုလှပါ၏။
ည ရှစ်နာရီစွန်းနေပြီဖြစ်တာကြောင့်
ပိုစုန်းကြူးများသည် အပင်များ၏ဘေးပတ်လည်တွင် ပြေးလွှားပျံသန်းနေသည်ကနီယွန်မီးများထက် ပိုခမ်းနားလွန်းလှ၏။
အကြည့်မလွှဲရက်စရာကောင်းလောက်သော မြင်ကွင်းကြားဆော့ဂျင်နစ်မြုပ်နေလျှင်

"ညီညီ စားလေ
အရသာမတွေ့ဘူးလား "

ကိုကိုသည်ပြောရင်းနှင့်ပင် အတိအကျဖြတ်တောက်ထားသော steak တစ်ပိုင်းကို ပန်းကန်ထဲထည့်ပေးလာသည်။

"ဟုတ်ပါ့ ဂျင်လေးသိပ်လည်းမစားဘူးရော်
ဒါဂျင်လေးအကြိုက်ဆုံး ဆိုင်ဆိုလို့
ဟျောင်းက နှစ်ရက်လောက်ဘိုကင်ကြိုယူထားရတာ "

"အမလေး
အဲ့ကောင်ကိုသိပ်ဂရုစိုက်မနေနဲ့
သူအပြင်မှာဘာတွေစားလာလည်းမှမသိတာ "

"ကလေးကိုသွားစပြန်ပြီ အကိုကလည်း "

"စပါစေ မေမေရယ်
သားကိုစလိုက်ရမှ ပိုစားဝင်လို့နေမှာပေါ့
Mr.Kim စားစား အသက်ကြီးနေပြီဆိုတော့ များများစားမှအဆင်ပြေမှာ ရော့ မုန်လာဥနီကြိုက်တယ်မလား ဒီကအငယ်ဆုံးသားလေးကထည့်ပေးမယ်"

"မင်း မင့်ငါမကြိုက်မှန်းသိရက် မင်းဟာကြီးပြန်ယူ"

"ဟော အသက်ကကြီးနေပြီအစားကချေးများတုန်းMr.Kim မြန်မြန်အိုပြီးရုပ်ကျသွားရင် ကျွန်တော်ကမေမေ့ကိုဖေဖေအသစ်လေးရှာပေးလိုက်မှာ"

"Kim Seok Jin!!!"

"ဟိတ် ရှူး လူတွေအများကြီးနဲ့လေ ဒါဂုဏ်သရေရှိတဲ့အပြုအမူမဟုတ်ဘူး Mr.Kim ရဲ့"

"တိတ်!!
နှစ်ယောက်စလုံးတိတ်ကျတော့
အသံထပ်ထွက်ရင် ဒီနေ့ညအိမ်ပြန်ရောက်ရင် ခြံပြင်မှာသိပ်မယ်
ဟိုဘာလေးရဲ့နှုတ်ဆက်ပါတီတောင် အေးဆေးလေး မလုပ်ရဘူး
ဒီမှာ စကားလေးဘာလေးပြောပါရစေဦး "

"ဆောရီး သားလေးရယ်
အဲ့ဒီသားအဖကအဲ့အတိုင်းဘဲ"

"ရပါတယ်အန်တီရယ်
ကျွန်တော့်အတွက်လည်းရိုးနေပါပြီ ဟင်း"

BroWhere stories live. Discover now