Bro 9

819 142 32
                                    


တစ်ညလုံးလူးလှိမ့်နေမိသော်လည်း မိုးကတော့စင်စင်လင်းလာချေပြီ။
ငြီးငြူနေသောစိတ်ကိုအားတင်းရင်းအိပ်ယာထဲမှထကာ ကျောင်းသွားဖို့ဘာညာပြင်ဆင်ရမည်။ ဘာလို့ဆို...ဘာလို့ဆိုတော့

"ကျွန်တော့်အသည်းလေးက ဒီနေ့လည်းကျောင်းကိုလာမှာမို့လို့လေ"

"မိမိုက်နေမှဖြစ်မှာ "

ရေမွှေးကို ကိုယ်ကိုပတ်ပတ်လည်အောင်ဆွတ်ရင်း ကခုန်နေမိသည်။
ကျွန်တော်အရူးနဲ့တူတယ်ထင်လားခင်ဗျားတို့
က?
အဖြေကတော့ .........yes
ကျွန်တော်အချစ်ရူးလေး မောင်ဂျောင်းဂုပါ။

"မောနီး အဒေါ်"

သူ့အိမ်မှာမနက်ပိုင်းတဖြတ် Mrs.jeon
ခေါ်‌ပေးထားတဲ့အဒေါ်ကြီးကို သူပြုံးပြုံးရွှင်ရွှင်ဘဲနှုတ်ဆက်လိုက်သည်။

"သားလေးကပြင်တောင်ဆင်ပြီးနေပြီဘဲ
အဒေါ်ကခုဘဲလာခေါ်တော့မို့"

"ဟုတ်နိုးပြီ အဒေါ်ပြန်ချင်ပြန်တော့လေ"

"ဟုတ်ပြီကွယ် ဒီမှာသားလေးအတွက် မနက်စာခေါက်ဆွဲစပ်စပ်လေးပြင်ပေးထားတယ် စားပြီးမှသွားနော် အဒေါ်ပြန်တော့မယ်"

"ဝါး ကောင်းကောင်းစားပါ့မယ်"

အနီရောင်သန်းနေသော ခေါက်ဆွဲသုတ်ကိုသူတစ်လုပ်မြည်းကြည့်လိုက်သည်။
နည်းနည်းစပ်ပေမဲ့ တော်တော်စားကောင်းသည်။ ရေကိုသောက်ရင်းသာအစပ်မပြတ်စားနေမိ၏။

"ဟင်း ဒီလောက်စပ်တာသာ ဂင်ဆော့ဂျင်ကိုကျွေးမိရင်ငိုသွားမယ်ထင်တယ် ဟားဟား
တစ်ရက်လောက်အိမ်ခေါ်ပြီးကိုအနိုင်ကျင့်ပစ်ဦးမယ်"

ဂျောင်းဂုမသိခဲ့တာက ထိုစိတ်အနှောင့်အယှက်လေးနှင့်သူကိုယ်တိုင်အသားတကျရှိနေပြီဆိုတာကိုပင်။

_____________________💛

"ဂျောင်းဂုရှီးစောင့်နေတာကြာသွားပြီလား "

"မိနစ်သုံးဆယ်လောက်ရှိပြီ"

"အာ ဆောရီး ထယ် ထယ်လေ"

"ကိုယ်မညောင်းပါဘူး
ကဲထယ်ဗိုက်ဆာနေပြီလား တခုခုသွားစားကျရအောင်လေ "

BroWhere stories live. Discover now