" အဲ့တာဘာလုပ်နေတာလဲ "နောက်ကထွက်လာတဲ့အသံကျယ်ကျယ်ကြောင့် ဆူဘင်းကိုယ်လေးတုန်တက်သည်အထိလန့်သွားရသည် ၊ hyungကတော့ ဆူဘင်းလက်ထဲကဓာတ်ပုံအားဒေါသတကြီးဖြင့်ဆွဲယူကာ ကြည့်လာသောမျက်လုံးတွေမှာလဲ ဒေါသအရိပ်အယောင်များဖြတ်ပြေးနေလျက်...
" မာမီက ထမင်းစားဖို့ခေါ်ခိုင်းလို့ပါ ကျွန်တော်တံခါးခေါက်ပေမဲ့ hyungဘက်ကဘာမှတုန့်ပြန်မလာလို့ "
" နောက်ဆိုငါ့အခန်းထဲလဲမဝင်နဲ့ ငါ့ပစ္စည်းတွေလဲဘာတစ်ခုမှမထိနဲ့ "
hyungနဲ့ဆူဘင်းရဲ့ဆက်ဆံရေးက ထိုကဲ့သို့ပင် ၊ ဘာကြောင့်မှန်းမသိပေမဲ့ hyungက ဆူဘင်းအားငယ်ငယ်ကတည်းကအမြင်မကြည်တာဖြစ်သည် ၊ သူတို့တွေကညီအစ်ကိုတွေလို့သာဆိုတယ် ကျောင်းကဘယ်သူမှသူတို့ညီအစ်ကိုဆိုတာကိုမသိ...ဒါကလဲ hyungကိုယ်တိုင်က မပြောဖို့မှာထားခြင်းကြောင့်သာ ၊ အကြောင်းအရင်းကိုနားမလည်ပေမဲ့ ဆူဘင်းဘက်ကနာခံခဲ့ပါသည်...သူကhyungကိုချစ်တာမလို့ hyungနဲ့ရန်မဖြစ်ချင်ဘူး ၊ သူ့ကြောင့်လဲhyungကိုစိတ်အနှောက်ယှက်မဖြစ်စေချင်သလို ဆူဘင်းရဲ့တစ်ခုတည်းသောဆန္ဒမှာ hyungနဲ့ ပြေလည်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တာဖြစ်သည် ၊
" မနက်စာမစားတော့ဘူးလား အစ်ကိုလေး "
ထမင်းစားခန်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်မိတော့ စားပွဲပေါ်တွင်ရှိနေတဲ့ ဖွယ်ဖွယ်ရာရာစားစရာများ ၊ မဲ့ပြုံးတစ်ချက်ပြုံးကာ မစားတော့ကြောင်းငြင်းဆန်လျက် ကားပေါ်ကိုသာတက်ခဲ့တော့သည်...အဲ့လောက်စားစရာတွေအများကြီးကို သူတစ်ယောက်တည်း အထီးကျန်စွာဘယ်လိုစားရမလဲ ၊ နေသားကျသင့်နေတဲ့အချိန်ကာလတွေဆိုပေမဲ့ ယောန်ဂျွန်းအတွက်ကတော့ အမြဲတမ်း အစတွေကိုသာပြန်ရောက်သွားတတ်သည် ၊
သူဌေးကြီးနဲ့အမေက မိဘတွေရဲ့အတင်းအကြပ်စီစဥ်မှုကြောင့် အချစ်မပါတဲ့အိမ်ထောင်ရေးကိုထူထောင်ခဲ့ရတာ ၊ ချွဲယောန်ဂျွန်းဆိုတာကလဲ မလွန်ဆန်နိုင်တဲ့ အမိန့်အာဏာတွေကြောင့် ဆွဲခေါ်ခဲ့ရတဲ့ ဂြိုလ်ဆိုးလေးဘဲလေ...အပစ်မတင်ပါဘူး ၊ မချစ်မနှစ်သက်တဲ့လူနှစ်ရဲ့သွေးတွေစီးဆင်းနေတဲ့ဒီလိုကောင်ကို ချစ်ပေးနေမှသာ အားနာစရာတွေဖြစ်ကုန်တော့မှာပေါ့ ၊