" အတူတူရှိနေရင်ပျော်နေတယ်ဆိုကတည်းကအချစ်ဖြစ်သွားပြီ ၊ ပိုင်ဆိုင်ချင်တဲ့အထိ အနားမှာထားချင်တဲ့အထိတပ်မက်နေပြီဆိုရင်ဒီအချစ်ကအဖြူရောင်လေးမဟုတ်တော့ဘူး အရောင်တွေပါလာတဲ့အချစ်ဘဲ...အစ်ကို ချွဲဆူဘင်းကိုချစ်နေတာ ချစ်နေလို့ဘဲ အဲ့ဒီနေ့က လုပ်ရပ်မျိုးကိုကျူးလွန်နိုင်ခဲ့တာပေါ့ "
Kaiအသံကမချိတင်ကဲ ၊ ယောန်ဂျွန်းသာသူ့ထပ်အငယ်ဆို ထရိုက်တော့မဲ့ပုံစံပေါက်နေသည်အထိ သူ့ကိုစိတ်မရှည်နေတာ ၊ ဒီစကားကိုကြားနေရသည်မှာလဲ ဒီခုံကိုစထိုင်လိုက်ကတည်းကဆိုပေမဲ့ ပြန်ပေးစရာအဖြေတစ်စုံတစ်ရာလဲရှိမနေ...ချစ်တယ်ဆိုတာကိုမခံစားခဲ့ဖူးတာမလို့ အဖြေပေးဖို့ရာလဲခက်ခဲလှသည် ၊ ဒီတိုင်းလေး ချွဲဆူဘင်းနဲ့အတူတူရှိချင်တယ်ဆိုပြီးဘဲ ဆက်ရှိသွားလို့မရဘူးလား...
" အစ်ကိုက ကျွန်တော့်ကိုလဲနည်းနည်းမှမတိုင်ပင်ဘူး...ဘာလဲ ကျွန်တော်ကအစ်ကို့အတွက်အဲ့လောက်တောင်အရေးမပါဘူးလား "
" မဟုတ်ဘူး Kai အဲ့လိုမဟုတ်ပါဘူး "
ဒီတစ်ခါတော့အသည်းအသန်ရှင်းပြမိတော့၏ ၊ သူ့ဘဝမှာ အရေးအပါဆုံးသူတွေက ချွဲဆူဘင်းပြီးရင် Kaiနဲ့Lea noona ဘဲ ၊ Kaiကယောန်ဂျွန်းကို အစ်ကိုတစ်ယောက်လိုဆက်ဆံပြီး Lea noona ကလဲ သူ့ကိုKaiနဲ့တန်းတူဆက်ဆံသလို တစ်ခုခုဖြစ်မှာကိုလဲစိတ်ပူတတ်သေးသည် ၊ တစ်သက်လုံးလုပ်ချင်တာမှန်သမျှ ဖြစ်ချင်တာမှန်သမျှကို တားမဲ့သူမရှိဘဲလုပ်လာခဲ့ပေမဲ့ Lea noona ရဲ့ သူတို့နှစ်ယောက်အပေါ်ချုပ်ချယ်မှုကိုတော့ အနည်းငယ်သဘောကျသလိုရှိပါသည် ၊
" အခုရော အစ်ကိုနဲ့ချွဲဆူဘင်းရဲ့ အခြေအနေကဘယ်လိုလဲ ၊ အစ်ကိုအဆင်ပြေရဲ့လား "
" ခုတော့ငါတို့ကြားမှာအဆင်ပြေနေပါတယ်...ဒါပေမဲ့ ဆူဘင်းကငါ့ကိုရန်သူလိုသဘောထားနေတာ "
" ရန်သူလိုသဘောထားနေတာက ဘာကိုအဆင်ပြေတာလဲ အစ်ကိုကြီးရဲ့ ၊ အဲ့ကောင်ကိုတော့ အသိတရားလေးရအောင် နည်းနည်းလေးပညာပြပေးမှဖြစ်တော့မှာဘဲ "
" Huening Kai!!! "
သူ့ဟာလေးကိုထိတောင်မထိရသေးခင်မှာဘဲ Kai နာမည်ကိုခပ်ဆောင့်ဆောင့်အော်တော့သည် ၊ ချစ်နေပါတယ် အစ်ကိုကြီးရယ်...အထိအခိုက်မခံနိုင်လောက်အောင် ကာကွယ်ပေးချင်နေတယ်မလား ၊ ဒီလောက်သိသာနေပေမဲ့ အစ်ကိုကသူ့စိတ်သူညာနေတုန်း...