6

276 35 24
                                    



ရွှင်မြူးနေသောစိတ်ကြောင့် မျက်နှာထပ်အပြုံးနုနုတို့ဖြစ်ထွန်းနေသည် ၊ ချိန်းထားသောနေရာအား အချိန်မတိုင်ခင် တစ်နာရီစောကာကြိုရောက်နေသူမှာ ယောန်ဂျွန်းသာ ၊ ပထမဆုံးအကြိမ်ချွဲဆူဘင်းဘက်က ကမ်းလှမ်းလာသောချိန်းဆိုမှုအား ပျော်ရွှင်စွာပင်ချက်ချင်းလက်ခံခဲ့သည်...

နာရီလက်တံမှာတဖြည်းဖြည်းရွေ့နေလျက် ၊ ချိန်းထားသောအချိန်မရောက်မှီ 5မိနစ်အလိုတွင် အက်ျီအဖြူ jeansအပြာနုနုကိုဝတ်ဆင်ထားသော ချွဲဆူဘင်းကရောက်လာခဲ့သည် ၊ အရိုးရှင်းဆုံးနဲ့တောင် ကြည့်ကောင်းလွန်းနေတာကို ဝန်ခံရမည်

" ကျွန်တော်နောက်မကျပါဘူးနော် "

လက်မှနာရီအားတစ်ချက်ကြည့်ကာ ယောန်ဂျွန်းခေါင်းငြိမ့်ပြလိုက်မိသည် ၊ တကယ်လဲ ချွဲဆူဘင်းကနောက်မကျပါဘူး...သူကိုယ်တိုင်ကအစောကြီးထွက်လာခဲ့ခြင်းမလား ၊

" ငါ့ကိုတွေ့ဖို့​ပြောတာက "

" လေ့ကျင့်ရေးတွေမှာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

ကျေးဇူးတင်စကားအားခေါင်းငြိမ့်ကာအသိအမှတ်ပြုလိုက်သည် ၊ တကယ်ဆို ယောန်ဂျွန်းကကျေးဇူးတင်ခံချင်လို့လုပ်ခဲ့တာမှမဟုတ်တာ... ချွဲဆူဘင်းနဲ့အတူတူရှိချင်လို့ ကြိုးစားခဲ့တာ ၊ သို့ပေမဲ့လဲ ယခုအခြေအနေအားအခွင့်ကောင်းယူကာပင်...

" ဒါဆိုငါတို့ရင်းနှီးသွားကြပြီလား "

" စီနီယာက ကျွန်တော်နဲ့ရင်းနှီးချင်တာလား "

" မင်းနဲ့အတူရှိချင်တာပါ "

မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတွေ ချွဲဆူဘင်းနဲ့မတည်ဆောက်ချင်ပါ ၊ ထူးထူးခြားခြားပတ်သက်မှုမျိုးကို ယောန်ဂျွန်းကလိုချင်နေတာဖြစ်မည်...ပျော်စရာလေးကို အနားမှာထားကာအပျော်ရှာချင်တာမျိုးလား ၊ မသေချာပေမဲ့ ချွဲဆူဘင်းကိုမြင်နေရုံနဲ့တင် စိတ်ထဲမှာငြိမ့်ငြိမ့်ကလေးနှင့်အေးနေတတ်သည်...ဒါ့ကြောင့်မလို့ အနားမှာကပ်နေချင်တာဘဲဖြစ်ပါလိမ့်မည် ၊

" ကျွန်တော်ကတော့ စီနီယာနဲ့မရင်းနှီးချင်သလို အတူရှိနေရမှာလဲ သဘောမကျပါဘူး "

𝗟𝗼𝘃𝗲 𝗖𝗮𝗻 𝗛𝘂𝗿𝘁Where stories live. Discover now