ဘာကြောင့်လဲမသိပေမဲ့ အသဲအသန်ငြင်းခဲ့တဲ့ လက်ထပ်ပွဲကို ဆူဘင်းဘက်ကလက်ခံကြောင်း ဆက်သွယ်လာသည် ၊ ထို့ကြောင့်တရားစွဲထားသည့်ကိစ္စမှာလဲ ပြီးသွားသလို အိမ်ကြောင့်တင်နေခဲ့တဲ့အကြွေးကလဲ ဆပ်စရာမလိုတော့ ၊ သို့ပေမဲ့ ဆူဘင်းဘက်ကတောင်းဆိုထားတဲ့အတိုင်း ဒီနှစ်ကျောင်းပြီးမှသာ လက်ထပ်ပွဲကအသက်ဝင်လိမ့်မည်...မဟုတ်လဲ ကျောင်းတွေပိတ်ဖို့က အများကြီးလိုတော့တာမှမဟုတ်တာ ၊ လက်ထပ်ပွဲကို ဘာကြောင့်ဘဲ လက်ခံလက်ခံ ယောန်ဂျွန်းစိတ်မဝင်စားပါဘူး ... အဓိက က သူ့ရဲ့ဆူဘင်းဘေးမှာသူရှိနေရရင်ရပြီ ၊ ခံစားချက်တွေကို မသိပေမဲ့ ဒီတိုင်းလေးငြိမ့်ငြိမ့်လေးပျော်နေသလိုခံစားရတာကို ယောန်ဂျွန်းကသဘောကျနေတော့တာကျောင်းဆင်းသည့်အချိန်တွင် အချိန်ပိုင်းအလုပ်နှစ်ခုကိုဆူဘင်းပြေးလွှားရတော့သည် ၊ ကျောင်းဆင်းဆင်းချင်းတွင် 24h storeတစ်ခုမှာဖြစ်ပြီး အဲ့ကနေတစ်ဆင့် သူ့ထပ်အငယ်ဂျူနီယာကျောင်းသားတစ်ယောက်ကိုစာသင်ပေးရသည် ၊ စာသင်တာကိုသာ မာမီနဲ့hyungက သိပြီး storeတစ်ခုရဲ့အချိန်ပိုင်းအလုပ်ကိုတော့ ဆူဘင်းပေးမသိချင်ပါ ၊
စားဝတ်နေရေးအတွက် အဆင်ပြေနေသော်လည်း hyungခြေထောက်အတွက် ဆေးဖိုးကလိုဦးမည် ၊ အရှည်ကြီးကျန်နေသေးတဲ့အနာဂတ်အတွက် ဒီမိသားစုမှာ အားကိုးစရာက အခုအခြေအနေအရ သူတစ်ယာက်တည်းရှိနေတာလေ ၊
" မာမီ "
ဧည့်ခန်းတွင်နေရာယူထားသော ဒယ်ဒီ့ဓာတ်ပုံအား မာမီကတွေတွေလေးငေးနေလျက် ၊ သတိရနေမှာပေါ့ အရမ်းလွမ်းနေမှာပေါ့...သားတွေရှေ့မှာ အားတင်းနေပေမဲ့လဲ ဒယ်ဒီ့ကိုလိုအပ်နေမှာပေါ့ ၊
ဆူဘင်းအသံကြောင့် လှည့်ကြည့်လာတဲ့ မာမီကိုဖွဖွကလေးဖက်လိုက်တော့ မာမီက သူ့ဆံပင်တွေကိုထိုးဖွပေးသည် ...
" ပင်ပန်းနေပြီလား သားငယ် "
" ကျွန်တော်မပင်ပန်းပါဘူး "
" ခဏနားပြီးရေချိုးလိုက်နော်...ထမင်းစားဖို့ပြင်ထားပေးမယ် "
" ဟုတ်ကဲ့...ဒါနဲ့hyung ရော "
" ခြံအနောက်ဖက်မှာလေ မာမီသွားခေါ်လဲ အဲ့လူဆိုးလေးကလိုက်မလာဘူး "