သူမသည် အလုပ်နှင့်ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်သူဖြစ်ပါလျက်နှင့် မိမိရှေ့ရှိမျက်ကွင်းကိုတော့အနည်းငယ်နှာခေါင်းရှုံ့လိုက်မိ၏ ၊ ပုံမှန်ဆိုလျှင် ထိုမိန်းကလေးမှာ အဒေါ်ကြီးတစ်ယောက်နှင့်အတူရက်ချိန်းများကိုလာလေ့ရှိသော်လည်း လွန်ခဲ့သည့်လပိုင်းလောက်မှစကာ ထိုမိန်းကလေးဘေးတွင်အဒေါ်ကြီးအစား ယောန်ဂျွန်းကပါလာတတ်ပြီး ယခုနောက်ပိုင်းတွင်တော့ ချွဲဆူဘင်းဆိုသည့်ကောင်လေးနှင့်သာ တွဲမြင်ရတော့သည် ၊ အကြောင်းစုံကို ယောန်ဂျွန်းပြောပြထားပြီးသည်မလို့သိနေသော်ငြား သူမ မကျေနပ် ၊ ယောန်ဂျွန်းမလို့သာဒီလိုမျိုးတွေသည်းခံနေတော့တာ..." ဒါနဲ့ ကလေးကဘာလေးဖြစ်မလဲဆိုတာ တကယ်မသိချင်ဘူးလား "
သူမ အမေးအား လီဂျယ်ဟီးဆိုသည့်မိန်းကလေးမှာ အပြုံးချိုချိုလေးပေးလျက်...
" ဟုတ်ကဲ့ မွေးလာမှဘဲရင်ခုန်ချင်တာ "
လူနာရှင်ကိုယ်တိုင်က မသိချင်ပါဟုဆိုလာလျှင် သူမလဲဆက်တိုက်တွန်းဖို့မဖြစ်နိုင်တော့တာကြောင့် အပြုံးတစ်ပွင့်ကိုပြန်ပေးလိုက်ပြီး ခေါင်းကိုလဲတစ်ဆက်ဆက်ငြိမ့်ပြလိုက်၏ ၊ ထို့နောက် အားဆေးတချို့ကိုပေးကာ ဆောင်ရန်ရှောင်ရန်များကိုထပ်မံမှာကြားရပြန်တော့သည် ၊
အအေးဓာတ်ကဲလာသော ဆောင်းညများကြောင့် ဆူဘင်းသည် သူ၏အပေါ်ထပ်jacketအား လီဂျယ်ဟီး၏ကိုယ်ပေါ်သို့လွှမ်းခြုံပေးကာ လက်မောင်းမှထိန်းလျက် ဖက်ထားပေးသည် ၊ ပုံမှန်ဆိုလျှင် ကြည်နူးစရာမြင်ကွင်းဖြစ်နိုင်သော်လည်း သူမအတွက်တော့ ယောန်ဂျွန်း၏ ပုံရိပ်များကသာမျက်လုံးထဲဖြတ်ပြေးနေလျက် ၊ ချစ်ကြောင်းတစ်ခါမှမဆိုဖူးသော်လည်း ချစ်နေသည်ကို ထိုကလေးကမဖုံးကွယ်နိုင်ပါဘူး...နာမည်လေးကြားရုံနဲ့ အရောင်လက်သွားတတ်တဲ့မျက်ဝန်းဝိုင်းလေးတွေ ၊ ထိုနာမည်အား ခပ်တိုးတိုးရွတ်ဆိုမိတိုင်း မသိမသာပြုံးနေတတ်တဲ့နှုတ်ခမ်းတွေ ၊ ဘယ်သူမှမသိအောင်ဝှက်ထားတတ်တဲ့ တစ်ဖက်သတ်ပေးဆပ်ခြင်းတွေ ဒါတွေအားလုံးကိုသူမကတော့ အသေအချာကိုမြင်နေရသည် ၊