15

669 54 34
                                    

အိပ်ရာပေါ်သို့အကြမ်းပတမ်းတွန်းချခံလိုက်ရမှုကြောင့် ချည်သားညဝတ်အဖြူလေးမှာ ခါးပေါ်ရုံအထိအပေါ်ကိုလှပ်ခနဲလန်တက်သွားသည် ၊ ဆူဘင်းသည် ယောန်ဂျွန်းလက်နှစ်ဖက်အားအပေါ်သို့မြှောက်တင်ကာ သူ၏လက်တစ်ဖက်တည်းဖြင့် အိပ်ရာထက်တွင်မြှုပ်နေအောင်ဖိကိုင်ထားခဲ့၏ ၊ ကျန်လက်တစ်ဖက်ဖြင့် ပါးနှစ်ဖက်အားဆွဲညှစ်သောအခါ ယောန်ဂျွန်းအခြေအနေမှာ မလူးသာမလွန့်သာ ၊ ချွဲဆူဘင်းဘာတွေဖြစ်နေသလဲနားမလည်နိုင်သလို ဘယ်ကိုဦးတည်နေလဲဆိုတာသိနေသည့်အတွက် ဒီအခြေအနေကိုလဲ ဘဝင်မကျလှ ၊ ဒေါသထွက်နေသောယောက်ျားတစ်ယောက်က သာမန်ထပ်ပို၍သန်မာနေသော်လည်း ယောန်ဂျွန်းကရှိသမျှအားကိုသုံးကာရုန်းကန်လိုက်လျှင်...

" ဘာတွေရုန်းနေတာလဲ ဒါမျိုးတွေကိုခင်ဗျားကြိုက်တယ်မဟုတ်ဘူးလား "

" မင်းဘာဖြစ်နေလဲ ငါတကယ်မသိတော့ဘူး..ဖယ် ငါ့ကိုလွှတ်ပေး "

ဆူဘင်းအနေဖြင့် အခြေအနေတစ်ခုခုကိုအတိအကျဦးတည်နေခြင်းမဟုတ်ဘဲ ဒေါသအလျောက်ပြုမူခဲ့ရုံသာ ၊ ဒါကို ကဲသည်းကာအထိမခံဖြစ်နေသော ချွဲယောန်ဂျွန်းပုံစံက ပို၍ပင်စိတ်တိုစရာဖြစ်ရ၏ ၊ ဒီလူဘဲသူ့ကိုအတင်းလက်ထပ်ခဲ့တာမဟုတ်ဘူးလား...

" ဟန်ဆောင်မနေစမ်းပါနဲ့ ယောက်ျားတစ်ယောက်နဲ့လက်ထပ်ခဲ့တယ်ဆိုကတည်းက ခင်ဗျားကဒါမျိုးကိုလိုချင်လို့မဟုတ်ဘူးလား "

စကားလုံးများ​ဖြင့် လူကိုစော်ကားနေသူအား စူးစူးရဲရဲစိုက်ကြည့်လိုက်လျှင် ဆူဘင်းကလဲ လှောင်ရယ်နေတဲ့အကြည့်တို့ကိုပေးလာ၏ ၊ ထို့နောက် အုပ်မိုးထားသောခန္ဓာကိုယ်က တဖြည်းဖြည်းကိုင်းကျလာလျှင် ယောန်ဂျွန်းကမျက်နှာကိုတစ်ဖက်လွှဲကာရှောင်ပစ်ခဲ့သည် ၊ မလိုချင်ပါဘူး...ချွဲဆူဘင်းဆီကဒီလိုအနမ်းတွေကို တစ်ခါလေးမှမတောင့်တခဲ့ဖူးဘူး ၊ သူမျှော်လင့်ဖူးတဲ့ နှုတ်ခမ်းတစ်စုံကဒီအခြေအနေမှာတော့မဟုတ်ဘူး ၊ သို့သော် ထပ်မံဆွဲညှစ်ခံလိုက်ရသော ပါးနှစ်ဖက်အပြင် ထိကပ်သွားသောနှုတ်ခမ်းတို့မှာလဲ နာကျင်မှုသာကြီးစိုးစေကာ ၊ တစ်တိတိကိုက်ဖြတ်ခံလိုက်ရသော နှုတ်ခမ်းသားများကြောင့် ပါးစပ်ထဲတွင်လဲ အရသာတစ်ခုကိုခံစားလိုက်ရ၏ ၊ သေချာပေါက် ယောန်ဂျွန်းနှုတ်ခမ်းတို့ပေါက်သွားခဲ့ပြီ..

𝗟𝗼𝘃𝗲 𝗖𝗮𝗻 𝗛𝘂𝗿𝘁Where stories live. Discover now