လှလှပပလက်ကလေးတွင် ပတ်တီးဖွေးဖွေးတို့ကနေရာယူထားမှုကြောင့် အလိုမကျစွာမျက်မှောင်တို့ကြုံ့သွားရတော့သည် ၊ ဘယ်သူကများ ဒီလက်လှလှလေးတွေကိုထိရဲတာလဲ ၊ ပြုလုပ်သူဟာ ချွဲဆူဘင်းကိုယ်တိုင်ဆိုရင်တောင် ယောန်ဂျွန်းရဲ့အလိုမကျမှုကပျက်ပြယ်သွားမှာမဟုတ်ဘူး...အထိအရှသေးသေးလေးတောင် ချွဲဆူဘင်းခန္ဓာကိုယ်မှာ သူကမမြင်ချင်ခဲ့တာ...
စာသင်ချိန်ဖြစ်နေတာကြောင့် ချွဲဆူဘင်းအနားကို ယောန်ဂျွန်းသွားလို့မရသေး ၊ ထိခိုက်မိထားသည်မှာညာဘက်ဖြစ်နေသည်မလို့ ဘာnoteမှမမှတ်နိုင်ဘဲ ဆရာပြောတာကိုသာ ချွဲဆူဘင်းက နားထောင်နေရသည် ၊ အတန်းပြီးဖို့က 2နာရီလောက်လိုသေးတာကြောင့် ယောန်ဂျွန်းစိတ်တွေပိုပြီးဂနာမငြိမ်ဖြစ်လာရ၏ ၊ ချွဲဆူဘင်းကို ထိခိုက်စေတဲ့အရာအားသိချင်လွန်းလို့ရူးတော့မှာဘဲ ၊ မနေနိုင်တဲ့အဆုံး message တစ်စောင်သာပို့လိုက်ရတော့သည် ၊ စာသင်နေတဲ့ကောင်လေးအားအနှောက်အယှက်မပေးချင်ပေမဲ့ သူ့ရဲ့စိတ်ပူမှုကိုလဲတားလို့မှမရတော့တာ... သို့ပေမဲ့တစ်ချက်သာကြည့်ပြီး ဖုန်းကိုပိတ်လိုက်တဲ့လူကြောင့် ပိုပြီးစိတ်ညစ်ရပြန်သည် ၊ တကယ်ဆိုသူ့စာတွေကို ဘယ်တုန်းကမှအရေးတယူပြန်ဖြေဖူးတာမှမဟုတ်တာဘဲ ၊
' deeeee '
တုန်ခါသွားသောဖုန်းကြောင့် ဖွင့်ကြည့်လိုက်မိသောအခါ တစ်ခါမှမှတ်မထားပေမဲ့အလွတ်ရသောဖုန်းနံပါတ်တစ်ခု ၊
' လက်ကဘာဖြစ်တာလဲ ဘယ်လိုထိခိုက်မိတာလဲ '
ထုံးစံအတိုင်းလစ်လျူရှုပစ်လိုက်သည် ၊ ဆူဘင်းက သူ့ဖုန်းနံပါတ်အား blacklistလဲမလုပ်ပစ်သလို တစ်ခါမှလဲအရေးတယူပြန်မဖြေခဲ့ဖူးပါ ၊ ထိုလူကလဲ ပြောစရာရှိမှသာ အခုလိုစာတစ်စောင်ပို့တတ်ပြီးအနှောက်အယှက်ဖြစ်ရလောက်အောင်အထိ ကလေးကလားစကားတွေမပြောတာကြောင့်ဖြစ်လိမ့်မည် ၊
လက်ကဒဏ်ရာအားဘယ်လိုများသိသွားသည်လဲဟု တအံ့တသြလဲမဖြစ်မိတော့ ၊ ထိုလူမသိမှသာ ထူးဆန်းနေတော့မှာ...သူနဲ့ပတ်သက်သမျှကို ချွဲယောန်ဂျွန်းက အကုန်သိနေသည်ဘဲလေ ၊