3

316 43 29
                                    




ကိုယ်နဲ့မဆိုင်ရင်ဝင်မပါတတ်ပေမဲ့ ဒီမြင်ကွင်းကအကျည်းတန်နေသည် ၊ ကောင်လေးတစ်ယောက်တည်းကို လူသုံးယောက်ကဝိုင်းအနိုင်ကျင့်နေတာ...လဲကျနေတဲ့ကောင်လေးအား နှစ်ယောက်က ချုပ်လိုက်ပြီး ကျန်တစ်ယောက်ကဗိုက်အားထိုးကြိတ်နေသည်အထိ ယောန်ဂျွန်းရပ်ကြည့်နေမိသေးသည်...ထို့နောက် လက်ကနဲမြင်လိုက်ရတဲ့ဓားကြောင့် အနီးအနားမှတုတ်ကိုဆွဲကာ ခေါင်းတည့်တည့်အားရိုက်ချပစ်လိုက်တော့သည်...ထိုမှစကာ သုံးယောက်နှစ်ယောက် ရန်ပွဲအသေးစားလေးက clubတစ်ခုရဲ့ အမှောင်ကျတဲ့နေရာမှာ တိတ်တဆိတ်ဖြစ်ပွားခဲ့လေသည်

" Thank you Bro "

အသံတို့မှာမောဟိုက်နေလျက် ၊ ထိုးကြိတ်ခံထားရတာတောင် ခပ်ပြုံးပြုံးမျက်နှာဘေးကအကြောတင်းလေးဖြစ်မည်...တစ်ချက်သာလှည့်ကြည့်ပြီး တိတ်ဆိတ်စွာပင်ထိုကောင်လေးအနားကထွက်ခဲ့ဖို့ပြင်လိုက်သည်...စကားတွေပြောကာ မိတ်ဖွဲ့တာမျိုးတွေ ယောန်ဂျွန်းအနေနဲ့လုပ်ဖို့စိတ်ကူးရှိမနေ...

" hey...လက်မှာထိသွားတယ်ထင်တယ် "

သွေးပူနေတာကြောင့် သူ့လက်ကဒဏ်ရာအားမခံစားမိ ၊ ထိုကောင်လေးအပြောကြောင့်ကြည့်မိမှ သွေးထွက်နေတာကိုမြင်လိုက်ရသည်...ဘာနဲ့ဘယ်လိုထိမိသွားမှန်း ကိုယ်တိုင်ပင်မသိလိုက်ပါ ၊

သေလောက်တဲ့ဒဏ်ရာလဲဟုတ်မနေတာကြောင့် ဒီအတိုင်းထွက်သွားဖို့ပြင်လိုက်ပေမဲ့...

" ဆေးထည့်ရအောင် ကျွန်တော်နဲ့လိုက်ခဲ့ "

ပုံပျက်နေတဲ့ အက်ျီအားသေချာပြင်ကာ ဆံပင်ကိုလဲသပ်လိုက်သေးသည် ၊ ထို့နောက် ရှေ့ကနေကော့နေအောင်ထွက်သွားတဲ့သူအား ယောန်ဂျွန်းကြောင်ကြည့်နေမိတော့၏ ၊ ဘယ်သူကများသူနဲ့လိုက်မယ်ပြောလို့လဲ...လုံးဝကိုအပိုင်ကြီးတွက်နေတာမဟုတ်ဘူးလား ၊

" ဘာလုပ်နေတာလဲ မလာဘူးလား "

" ဘာကိစ္စငါကမင်းနဲ့လိုက်ရမှာလဲ "

" ဆေးထည့်ဖို့လို့ပြောခဲ့တယ်လေ "

" မလိုဘူး "

လှည့်ထွက်လာတဲ့ ယောန်ဂျွန်းအားအနောက်ကနေလှမ်းဆွဲတော့သည် ၊ မှားလိုက်တာ...လူမှားပြီးကူညီမိလိုက်တာဘဲ

𝗟𝗼𝘃𝗲 𝗖𝗮𝗻 𝗛𝘂𝗿𝘁Where stories live. Discover now