အရင်ကတော့ မာမီ့တို့နဲ့အတူတူညစာစားပြီးမှအိမ်ပြန်လာလေ့ရှိပေမဲ့ ခုတလောတော့စီနီယာချွဲယောန်ဂျွန်းနဲ့အတူတူစားဖြစ်နေသည် ၊ အသုံးချနေတာမျိုးမဟုတ်ပေမဲ့ သူတို့နှစ်ယောက်အဆင်ပြေနေတာကအရှုံးမရှိဘဲ ဆူဘင်းသိချင်တာတွေသိရဖို့အတွက်လဲ အသုံးဝင်လောက်မည် ၊ ဒီတစ်နှစ်ပြီးတာနဲ့ဆူဘင်းလဲကျောင်းပြီးပြီဖြစ်တာကြောင့် အခုချိန်မှာမလုပ်နိုင်သေးတဲ့ကိစ္စတွေကို မကြာခင်မှာဘဲအကောင်အထည်ဖော်ကာ အခြေအနေတွေအားပြောင်းပြန်လှန်ပစ်ဖို့တွေးထားသည် ၊ ဆူဘင်းအနေနဲ့ စီနီယာချွဲယောန်ဂျွန်းနဲ့အတူရှိနေခြင်းက hyungအတွက်မတရားသလိုဖြစ်နေပြီး အပစ်ရှိသလိုခံစားနေရသည်မှာ အချိန်တိုင်းပင် ၊ ထို့ကြောင့်လဲ လက်ထပ်ပြီးသည်အထိပြေလည်အောင်မနေနိုင်ဘဲ ရှောင်ပြေးနေခဲ့ခြင်းသာ ၊ အခုတော့ အလိုက်အထိုက်နေပေးဖို့ဆူဘင်းတွေးထားသည် ...ဘာဘဲဖြစ်ဖြစ် အတူတူရှိနေကြဦးမှာဘဲမလို့ မျက်နှာချင်းဆိုင်ဖို့တောင်ခက်ခဲနေသည့်အခြေအနေတွေမဖြစ်ချင်ပါ ၊ အနည်းဆုံးတော့ ကိစ္စတွေအားလုံးရဲ့အဖြစ်မှန်ကို မသိသေးခင်အထိ သူတို့ကြားမှာအဆင်ပြေပြေနဲ့ရှေ့ဆက်ချင်ပါသည်ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေကာ ပြတင်းပေါက်မှဝင်နေတဲ့လေတွေကလဲ အေးစိမ့်စိမ့်ဖြင့် ၊ အချိန်အားဖြင့် 10နာရီကို တော်တော်စွန်းလို့နေပြီဖြစ်သော်လည်း စီနီယာချွဲယောန်ဂျွန်းကပြန််မလာသေး ၊ နောက်ကျမှာမလို့ သူ့ကိုစောင့်မနေရန်ဖုန်းဆက်ထားခဲ့ပေမဲ့ ခုထိအိပ်လို့မပျော်နိုင်သေးဘဲ ကားသံကိုနားစွင့်နေမိသည် ၊
ဒီအိမ်ဟာ ဘယ်လိုဘဲကြည့်ကြည့် Choi groupရဲ့သားနေတဲ့အိမ်လို့မထင်ရ ၊ အိပ်ခန်းနှစ်ခန်းနှင့်အတူ အခန်းလွတ်တစ်ခန်းသာပါပြီး သာမန်နှစ်ထပ်တိုက်လေးတစ်လုံးသာဖြစ်သည် ၊ ထိုသို့ဘာအဆောင်အယောင်အပြင်အဆင်မှရှိမနေပေမဲ့လဲ ဒီအိမ်လေးကိုဆူဘင်းမြင်မြင်ချင်းသဘောကျခဲ့တာ ၊ ပြောင်ရှင်းနေတဲ့မကျဥ်းမကျယ်ခြံလေးထဲမှာ ပန်းပင်လေးတွေစိုက်ဖို့ တွေးထားခဲ့သည်မှာကြာပြီဖြစ်သော်လည်း ခုထိအကောင်အထည်မဖော်နိုင်သေးပါ ၊ ထို့အတူ စာကြည့်ခန်းရဲ့ဘေးမှာရှိနေသည့် pianoကိုမြင်တိုင်း ဖြစ်ချင်ခဲ့သည့်အိပ်မက်လေးဟာတစ်ဖန်ပေါ်လာခဲ့ပြန်သည် ၊ ဒါပေမဲ့ ဆူဘင်းအနေနဲ့pianoကို ထပ်ပြီးတီးဖြစ်တော့မည်မထင်တော့..hyungရှေ့မှာတော့ သူကအိပ်မက်တွေကိုအကောင်အထည်ဖော်ပြီး ရှင်သန်မသွားချင်ဘူး