4

281 36 13
                                    



အမြဲတမ်း ကျန်းမာရေးစစ်ဆေးဖို့ သူတို့မိသားစုသုံးယောက်သာသွားနေကြဆိုပေမဲ့ ဒီနေ့မှဘာကိစ္စယောန်ဂျွန်းကိုခေါ်လာမှန်းမသိ ၊ မနက်ကတည်းဆေးရုံတွင်ရှိနေရသည်မှာ အခုဆို နေ့လယ်၃နာရီတောင်ထိုးတော့မည်အထိ မပြီးနိုင်ကြသေး...ယောန်ဂျွန်းကတော့ အားလုံးပြီးသွားသည်မှာ 15မိနစ်လောက်ရှိပြီဖြစ်ပေမဲ့ သူဌေးကြီးတို့မိသားစုကတော့ ဆရာဝန်ကြီးနဲ့စကားပြောလို့နေသည် ၊ ဆက်ပြီးမစောင့်နိုင်တော့တာကြောင့် ပြန်ဖို့ကိုသာဆုံးဖြတ်လိုက်ပြီး ထိုဆေးရုံမှတစ်ယောက်တည်းထွက်လာခဲ့တော့သည်

အိမ်လဲမပြန်ချင်သေးသလို သွားစရာနေရာလဲမရှိတာကြောင့် Kai ဆီကိုဖုန်းဆက်လိုက်သော်လည်း ထိုကောင်လေးက အိမ်မှာမရှိ ၊ မနက်ဖြန်အတွက်ပစ္စည်းတွေသွားဝယ်နေသည်တဲ့....အခုဆို ယောန်ဂျွန်းနဲ့Kai က အရမ်းကိုရင်းနှီးနေပြီ ၊ ထူးဆန်းစွာ ယောန်ဂျွန်းဘေးကကောင်တွေလိုမဟုတ်ဘဲ စိတ်ထဲမှာလဲ အဲ့မောင်နှမနှစ်ယောက်ကိုနွေးနွေးထွေးထွေးခံစားရသည် ၊ Kaiအစ်မဖြစ်သူ Lea noona ကလဲ ယောန်ဂျွန်းအပေါ်ကို မောင်လေးတစ်ယောက်လိုဆက်ဆံပေးသည်ကို အစကအသားမကျဘဲနေရခက်ခဲ့ပေမဲ့ အခုတော့အဆင်ပြေသွားပါပြီ 

မနက်ဖြန် Kaiတို့ မိဘမဲ့ဂေဟာကိုသွားလှူလျှင် ယောန်ဂျွန်းပါလိုက်သွားဖို့တွေးထားသည် ၊ သူ့လိုမျိုးမိဘရှိလျက်နဲ့ ဥပေက္ခာပြုခံထားရတာထပ်စာရင် ဂေဟာက ကလေးတွေရဲ့ဘဝကမှပိုကောင်းဦးမယ်မလား ၊ အတုအယောင်တွေကြားထဲမှာ ထို​ကလေးတွေကတော့ ဖြူဖြူစင်စင်လေးတွေဘဲလေ 





" ယောန်ဂျွန်းက ကလေးချစ်တတ်တာဘဲ "

" အစ်ကို့မိသားစုအကြောင်းကိုသေချာမသိပေမဲ့ ပြေလည်နေကြတာမျိုးမဟုတ်ဘူးထင်တယ် အစ်ကို့မှာမိသားစုနဲ့ပတ်သက်ပြီးစိတ်ဒဏ်ရာရနေသလိုဘဲ "

ကလေးတွေကြားမှာ ကလေးဗိုလ်လုပ်ကာ ပျော်ရွှင်နေတဲ့ ယောန်ဂျွန်းအား မောင်နှမနှစ်ယောက်ရပ်ကြည့်နေမိသည် ၊ သွေးသားမတော်စပ်ပေမဲ့ ယောန်ဂျွန်းကလဲ သူမရဲ့မောင်လေးပါဘဲ ၊ မဖော်ပြပေမဲ့မြင်နေရတဲ့ စိတ်ဒဏ်ရာတွေကို အဝေးကြီးလွှင့်သွားစေချင်သည် ၊ သန်မာချင်ယောင်ဆောင်နေတဲ့ကောင်ကလေးအား သူမကတော့ ပျော်ရွှင်နေစေချင်ပါသည် ၊ 

𝗟𝗼𝘃𝗲 𝗖𝗮𝗻 𝗛𝘂𝗿𝘁Where stories live. Discover now