17

410 51 23
                                    

မနက်စာစားပြီးချိန်တွင်ဖြစ်၏ ၊ ရုံးပိတ်ရက်ဖြစ်သည်မလို့ ဆူဘင်းရောယောန်ဂျွန်းပါ အိမ်မှာအတူရှိနေ​ခြင်းဖြစ်သည် ၊ noonaသည် ဧည့်ခန်း၏ထောင့်တစ်နေရာတွင်ချည်လုံးများစွာဖြင့် အလုပ်ရှိနေသလို ဆူဘင်းသည်လည်း သတင်းတချို့ကို စိတ်ဝင်တစားကြည့်နေခဲ့၏ ၊ သတင်းပေါင်းများစွာထဲမှ လူဝင်စားခြင်းအများဆုံးရရှိနေသည်မှာ ဥက္ကဌချွဲနှင့်သူ၏သမီးလေးအကြောင်းပင် ၊ ဥက္ကဌချွဲသည် ချွဲနာရာအားတစ်ဦးတည်းသောသမီးအဖြစ် များစွာ ပွဲထုတ်ခဲ့ဖူးသော်လည်း ယခုကဲ့သို့mediaရှေ့သို့ခေါ်ဆောင်လာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၏ ၊ TVအားချက်ချင်းပိတ်ပစ်လိုက်သော ဆူဘင်းကြောင့် noonaမှာ လှည့်ကြည့်လာသည် ၊ 

" ဘာလို့လဲ "

" ဟင့်အင်း ဒီတိုင်းပျင်းလာလို့ "

အရေးမကြီးသည့်အကြောင်းအရာဖြစ်နေသည်မလို့ noonaဘက်ကဆက်မမေးတော့သလို ဆူဘင်းသည်လည်း ချွဲ​ယောန်ဂျွန်းကိုဝေ့ဝဲကာရှာကြည့်မိသည် ၊ နောက်မှအပြင်ထွက်သွားသည်ကိုသတိရကာ စိတ်အေးသွားတော့၏ ၊ ဘယ်လိုပဲဖြစ်ဖြစ်သိလောက်မှာဆိုသော်လည်း ရသလောက်ဖုံးကွယ်ပေးချင်သေးတာ​ဖြစ်သည် ၊ ဆူဘင်းကမိဘမဲ့ဆိုသော်ငြား ဒယ်ဒီနှင့်မာမီ၏မေတ္တာကိုအပြည့်အဝရခဲ့သူဖြစ်ပေမဲ့ ချွဲယောန်ဂျွန်းကတော့မတူ ၊ သူကိုယ်တိုင်နားမလည်သည့်ခံစားချက်ဖြစ်သည့်တိုင် ကိုယ်ချင်းစာပေးနိုင်သည် ၊

" မနက်စာ စားပြီးကတည်းကယောန်ဂျွန်းကိုမတွေ့ဘူး အပေါ်မှာလား "

" အပြင်ထွက်သွားတယ်လေ "

" ပိတ်ရက်ကို နှစ်​ယောက်သား dateမလုပ်ကြဘူးလား ၊ လူငယ်တွေဖြစ်ပြီး နှေးကွေးနေလိုက်တာ အကုန်လိုက်ပြောနေရတယ် "

မျက်မှောင်ကြုတ်လျက်စိုက်ကြည့်လာသော ဆူဘင်းကြောင့် အသံထွက်သည်အထိပင်ရယ်လိုက်မိသည် ၊ ထို့နောက် ထိုးလက်စဖြစ်နေသည့်ချည်များအား ခဏချကာ...

" ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုကိုတည်ဆောက်ထားပြီဆိုရင် သာယာတဲ့အိမ်ထောင်ရေးဖြစ်အောင် သေချာထိန်းသိမ်းရမှာပေါ့ ၊ အခုတော့ ကလေးလေးတို့က သူစိမ်းတွေလိုပဲ "

𝗟𝗼𝘃𝗲 𝗖𝗮𝗻 𝗛𝘂𝗿𝘁Where stories live. Discover now