ရုံးတက် ရုံးဆင်းကာဖြင့်ပုံမှန်လည်ပတ်နေရသော နေ့စဥ်ဘဝတွင် ကလေးသေးသေးလေး၏စူးစူးဝါးဝါးငိုသံများကပါ ပါဝင်လာ၏ ၊ ချွဲယောန်ဂျွန်းနှင့်သဘောတူညီမှုမှာnoona၏ကိုယ်ဝန်ကြောင့်ဆိုသော်လည်း ရက်ပိုင်းသာရှိသေးသည့် ကလေးလေးနှင့်အတူ အိမ်ခွဲနေခိုင်းရမည်ကို ဆူဘင်းစိတ်မချနိုင်သေးပါ ၊ ထိုအကြောင်းနှင့်ပတ်သက်ပြီး ချွဲယောန်ဂျွန်းနှင့် စကားမပြောရသေးငြား ထိုလူ့ဘက်ကလည်း တစ်စုံတစ်ရာဆိုလာခြင်းမရှိသေး ၊ ချွဲယောန်ဂျွန်းက ကလေးလေးအပေါ်မှာ သံယောဇဥ်ရှိပြီး ချစ်သည်မှာလည်း သိသာပါသည် ၊ companyကိုသွားတဲ့အခါတိုင်း သို့မဟုတ် ပြန်လာတဲ့အခါတွေတိုင်းမှာ ရှာနေတတ်တာကို ဆူဘင်းအသိဆုံးပင် ၊
" ချီကြည့်မလား "
" ဟင့်အင်း "
ဆူဘင်းလက်ပေါ်က သေးသေးလေးအား ချွဲယောန်ဂျွန်းက မသိမသာခိုးခိုးကြည့်နေသည်မှာ ခဏခဏ ၊ ပေးချီပြန်တော့လည်း ငြင်းသည် ၊ ထိုလူက noona ရှေ့တွင် ပို၍တောင်တည်တင်းပြတတ်သေး၏ ၊
" မချီချင်လည်း ခဏချီထား "
" ငါ့လက်ထဲကျမှငိုနေရင်ဘယ်လိုလုပ်မလဲ...လီဂျယ်ဟီးဆီပြန်ပေးထားခဲ့ "
" noona က ရေချိုးနေတယ်လေ..မအားတာကို ၊ ခဏချီထားတော့ဘာဖြစ်မှာမလို့လဲ ၊ ခဏလေးပဲ "
" ညဘက်ကြီးကို လီဂျယ်ဟီးကဘာလို့ရေချိုးနေတာလဲ "
" သူ့ဘာသာဘယ်ချိန်ချိုးချိုးပေါ့ "
" သူဖျားသွားရင် ကလေးပါ... "
" အဲ့လောက်ထိ ခင်ဗျားလိုက်ပူပန်နေဖို့မလိုပါဘူး "
ဆူဘင်း၏ ခပ်ဆောင့်ဆောင့်အသံနောက်တွင် ချွဲယောန်ဂျွန်း၏ သက်ပြင်းချသံက ကပ်ပါလာပြီး...
" မင်းက ဘာလုပ်မလို့လဲ...မင်းလုပ်ချင်တာပြော ငါသွားလုပ်ပေးမယ် "
စိတ်အချဥ်ပေါက်လာပြီမလို့ ခပ်စူးစူးတစ်ချက်ကြည့်ပေးလိုက်၏ ၊ အရာရာတိုင်းကိုသူလုပ်ပေးနိုင်တာမှတ်လို့...
" ပြောလေ ငါသွားလုပ်ပေးမယ် "
" ရှူးသွားပေါက်မှာ..ဘယ်လိုလဲ ခင်ဗျားသွားပေါက်ပေးမှာလား "