12

517 41 55
                                    

မနက်ကတည်းက သူ့ထပ်အရင်ထွက်သွားခဲ့တဲ့ဆူဘင်းက အခုမူယောန်ဂျွန်းအလုပ်ပြန်လာသည့်အချိန်ထိရောက်မလာခဲ့သေးတာမလို့ အိမ်ရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ မျှော်နေမိသည် ၊ ကျောင်းတက်နေတုန်းကတောင် ဒီလိုအချိန်ထိနောက်မကျဖူးတာမလို့ ​ပို၍စိတ်ပူရသည်ကြောင့် အခေါက်ပေါင်းမနည်းအောင်ဖုန်းဆက်ခဲ့ပေမဲ့လဲ ကိုင်မဲ့သူဟာလစ်လပ်နေဆဲ...

အချိန်အားဖြင့် 11နာရီ ၊ အိမ်ကိုများပြန်သွားလားဟူသည့်အတွေးကြောင့် အပေါ်ဝတ်လက်ရှည်တစ်ထည်ကိုကောက်ဝတ်ကာ ကားသော့ကိုဆွဲလျက် လိုက်သွားကြည့်ဖို့ပြင်သည် ၊ ယောန်ဂျွန်းနှင့်အတူတူပြန်လိုက်မလာခဲ့လျှင်တောင် အဲ့အိမ်မှာရှိနေလျှင်တော့ စိတ်အေးရမည် ၊

အိမ်ရဲ့တံခါးမကြီးကိုဖွင့်ပြီးနောက် ကားထုတ်ရန်အတွက် ခြံတံခါးဆီသို့ဦးတည်ခဲ့သည်...

" ဆူဘင်း "

ခြံရှေ့က အုတ်တိုင်နားတွင်ဆူဘင်းက ခေါင်းငိုက်စိုက်ကျလျက် ၊ သူခေါ်လိုက်တော့ မော့ကြည့်လာတဲ့မျက်ဝန်းတွေဟာ နီရဲကာ ယောင်နေသယောင် ၊ ဆူဘင်းဆီမှ အရက်နံ့အနည်းငယ်ကိုပါရလိုက်သည်ကြောင့် တရားခံမှာအရက်ဟုထင်လိုက်ပေမဲ့ ငိုထားခဲ့သည်နှင့်လဲ ဆင်တူနေ၏ ၊ ဘာမှမမေးတော့ဘဲ ကိုယ်ကိုတွဲယူကာ အိမ်ထဲကိုပို့ဖို့သာယောန်ဂျွန်းအာရုံရသည်...အပြင်မှာအေးလာပြီမလို့အအေးပတ်သွားမှာကိုစိုးရိမ်နေခြင်းကြောင့်ပင်...

ဆူဘင်းက လိမ်မာသည် ၊ မူးနေသော်လည်း သွေးမဆိုးဘဲ ယောန်ဂျွန်းခေါ်ရာနောက်ငြိမ်ငြိမ်ကလေးပါလာ၏...ထိုအမူးသမားအား ဆိုဖာပေါ်သို့ပစ်ချကာ မပိတ်ခဲ့မိသောခြံတံခါးနှင့် အိမ်တံခါးမကြီးကို အရင်သွားပိတ်လိုက်ပြီး​ပြန်လာသည့်အခါ ဆိုဖာပေါ်တွင် ခေါင်းငိုက်စိုက်အနေအထားဖြင့်​ထိုင်နေတာကို တွေ့လိုက်ရပြန်သည်...သက်တောင့်သက်သာအနားယူနိုင်ရန် အပေါ်ထပ်ကအခန်းဆီသို့တွဲပို့ပေးရန်စဥ်းစားမိတာကြောင့် လက်မောင်းမှဆွဲကာထူလိုက်သော်လည်း ခုနကနဲ့မတူစွာ ရုန်းကန်လာသောသူ...လက်ဖဝါးတို့ကိုလှမ်းဆုပ်ကိုင်မိတော့ မူးနေသည့်ကြားမှ နာကျင်မှုကြောင့် အသံအချို့ထွက်ပေါ်လာသည် ... ဆွဲယူကြည့်မိတဲ့နောက် ညာဘက်လက်တွင် ပြတ်ရှရာက သွေးတွေဖြင့်ခြောက်ကပ်နေသည်မှာ ထိခိုက်မိသည့်အချိန်ကတည်းကဒီအတိုင်းသာထားခဲ့ကြောင်းဖော်ပြနေလျက်...

𝗟𝗼𝘃𝗲 𝗖𝗮𝗻 𝗛𝘂𝗿𝘁Where stories live. Discover now