piano ပေါ်ပြေးလွှားနေသော ဖြူဖြူသွယ်သွယ်လက်များ ၊ တစ်ခုခုကိုအာရုံစိုက်နေတဲ့ ချွဲဆူဘင်းကကြည့်လို့အကောင်းဆုံးဆိုပေမဲ့ pianoတီးနေတဲ့အချိန်မှာတော့ ယောန်ဂျွန်းသဘောအကျဆုံးဖြစ်သည် ၊ သံစဉ်တွေကိုယောန်ဂျွန်းနာမလည်ပါဘူး...ခပ်မြူမြူးသံစဉ်တွေလား အဆွေးဓာတ်ခံအေးအေးလေးတွေလား ဘာဆိုဘာမှယောန်ဂျွန်းမသိ ၊ သူ့မျက်လုံးထဲမှာ ဆူဘင်းတစ်ယောက်တည်းသာရှိသည်...လက်ချောင်းလေးတွေလှုပ်သွားတိုင်း ထွက်ပေါ်လာတဲ့သံစဉ်တွေကနားမလည်သည့်တိုင်အောင် ချိုမြမြလေးလို့ခံစားနေရသည်
မနေ့ညက အထိုးခံလိုက်ရသောပါးက မနက်ခင်းတွင်တော့ အညိုအမဲစွဲကာ အနည်းငယ်ယောင်နေသေးသည် ၊ မထင်ရက်စရာ လက်ချောင်းဖြူဖြူလေးတွေက ဒီလောက်အထိအားပြင်းရသလား...ထို့ပြင် တစ်ညလုံးအတွေးများခဲ့သည်က ဆူဘင်းလက်တွေရော နာသွားမလားဟု၍ပင် ၊ ကြောင်တောင်တောင်နိုင်လိုက်တာ...
ပါးပြင်အားတစ်ချက်ဖွဖွထိတွေ့ကာ ချွဲဆူဘင်းရှိနေသည့်အခန်းထဲသို့ဝင်ခဲ့လိုက်သည် ၊ ဒီတစ်ခါရော အထိုးခံရဦးမှာလား..အဲ့ကောင်လေးက ဒေါသအိုးလေးဆိုတာ ယောန်ဂျွန်းနားလည်သွားပြီလေ
သူ့ကိုမြင်သည်နှင့် တီးလက်စအားချက်ချင်းရပ်ပစ်ကာ ထသွားဖို့ပြင်တဲ့သူ ၊ ဒါကရော...ဘာအချိုးလဲ
" ဆက်တီးလေ "
ခပ်လှမ်းလှမ်းမှာချထားတဲ့ လွယ်အိတ်အားဘေးတစောင်းအနေအထားဖြင့်လွယ်လိုက်ကာ ယောန်ဂျွန်းအားတစ်ချက်မျှ လှည့်မကြည့်ဘဲ ထွက်သွားတော့သည် ၊ စကားလုံးတွေမပါဘဲ သူ့ကိုအလိုမရှိကြောင်းပြသွားတာပေါ့...ဒါတွေကဘာအရေးလဲ ချွဲယောန်ဂျွန်းက အမှတ်မရှိတဲ့ကောင် မလို့ဒီကိစ္စကို ဒီနေရာမှာတင်မေ့ပစ်လိုက်မှာဘဲ ၊ ချွဲဆူဘင်းကသူ့ကိုအလိုမရှိဘူး...ဒါကိုယောန်ဂျွန်းမေ့ပစ်လိုက်မှာ ၊ ဒါပေမဲ့ ဘယ်တော့မှ ဆူဘင်းpianoတီးတဲ့အခါ အနားကိုတိုးကပ်မသွားတော့ဘူး ၊ အရင်လို အရင်လိုသာ ဒီအခန်းရဲ့အပြင်ဘက်ကငေးကြည့်နေတော့မှာဖြစ်သည် ၊
တစ်ယောက်တည်းသောက်ဖို့ ဘယ်သူ့မှမခေါ်ဘဲ လာခဲ့ပေမဲ့ မထင်မှတ်ဘဲတွေ့လိုက်ရတဲ့ ထယ်ဘင်းကြောင့် နှစ်ယောက်အတူတူသောက်ဖို့ဖြစ်သွားသည် ၊ ထယ်ဘင်းနဲ့ သူကဒုတိယနှစ်မှာ သိပြီး ခုထိပေါင်းဖြစ်နေတာ...တကယ်ဆို အထက်တန်းကတည်းကသိနေတဲ့အကြောင်းတော့မပြောဖြစ်တော့ ၊ စကားတွေလဲမတိုက်ဆိုင်သလို ထယ်ဘင်းဘက်ကလဲမေးမှမမေးတာ...