ဆူဘင်းအနားကို ယောန်ဂျွန်းမသွားသည်မှာ လပိုင်းပင်ကြာလို့နေခဲ့ပြီ ၊ သို့ပေမဲ့ဟိုအရင်ကလိုမျိုး အဝေးကနေငေးကြည့်နေဆဲပါဘဲ...ဆူဘင်းအတွက်သူကအနှောက်အယှက်တစ်ခုဆိုပေမဲ့ သူ့အတွက်တော့ဆူဘင်းက လမ်းပျောက်နေချိန်မှာတွေ့ရတဲ့ဓူဝံကြယ်လေးလိုဘဲ ၊ ဆူဘင်းကိုမြင်လိုက်ရတဲ့အချိန်မှာ သူ့အတွက်မျှော်လင့်ချက်တစ်ခုခုရှိသလိုမျိုးခံစားရသည်...လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်နေကြတာဆိုပေမဲ့ ယောန်ဂျွန်းကတော့ဘဝကိုမျှော်လင့်ချက်မဲ့စွာ ရေစုန်မျှောခဲ့သည်ကို ၊
အထက်တန်းကျောင်းသားဘဝတွင် ဆူဘင်းကိုရှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေနဲ့ရယ်မောနေတဲ့ကောင်လေးကို အကြောင်းမဲ့စွာအကြာကြီးကြည့်နေခဲ့မိတာ ၊ မျက်ဝန်းလေးတွေပိတ်ကျသွားပြီး ပါးချိုင့်နက်နက်ကလေးတွေပေါ်လာသည်အထိကို ထိုကောင်လေးကဘာတွေကိုသဘောတကျရယ်နေလဲမသိသလို ယောန်ဂျွန်းကလဲ ဘာကိုသဘောကျမိမှန်းမသိခဲ့ပါ ၊ နောက်တစ်နေ့သူဌေးကြီးနဲ့ ပြသာနာတက်လာတာကြောင့် ယောန်ဂျွန်းစိတ်တို့ညစ်ညူးနေသည်...တစ်ယောက်တည်းရှိချင်တာကြောင့် ကျောင်းခေါင်မိုးထက်ကိုတက်လာခဲ့ပေမဲ့ သူ့ထပ်အရင်ရောက်နေသူတို့လဲရှိသည် ၊ ညစ်ညူးနေတဲ့စိတ်တွေဟာပိုပြီးရှုပ်ထွေးလာမှုကြောင့် ပြန်ဆင်းသွားရန်ပြင်လိုက်ပေမဲ့ အသံချိုချိုလေးကနားထဲမှတစ်ဆင့် ရင်ထဲအထိစီးဆင်းသွားသည် ၊
" ကျွန်တော်တို့သွားတော့မလို့ hyungက နေလို့ရတယ်နော် "
ပြောပြီးတာနဲ့လွယ်အိတ်တွေယူကာ သူငယ်ချင်းတွေနဲ့အတူပြေးဆင်းသွားသည့်ကောင်လေးအား ယောန်ဂျွန်းရပ်ကြည့်နေမိပြန်သည် ၊ နှစ်ခါသာရှိသေးတဲ့တွေ့ဆုံမှုဆိုပေမဲ့ ထိုကောင်လေးကိုသူက အသေအချာကိုမှတ်မိနေတော့သည် ။
ကာယချိန်အားသဘောမကျသည့်ယောန်ဂျွန်းက စာကြည့်တိုက်ထဲတွင် သွားအိပ်ရန်သာဆုံးဖြတ်ထားပြီး လစ်ထွက်လာခဲ့သည် ၊ ထိုအချိန်သည် သူတို့ထပ်အငယ်လေးတွေရဲ့နားချိန်လဲဖြစ်တာကြောင့် လျှောက်လမ်းပေါ်တွင် အနည်းငယ်တော့ရှုပ်နေ၏ ၊ စာကြည့်တိုက်သို့သွားရန်လမ်းတွင် ဂီတခန်းလဲရှိသည်...ဂီတခန်းကအသံလုံတာမလို့ စာကြည့်တိုက်ထဲရှိလူတွေကိုအနှောက်အယှက်မဖြစ်စေသလို ဒီအချိန်ဟာဂီတချိန်လဲမဟုတ်တာမလို့ အိပ်မဲ့ယောန်ဂျွန်းအတွက်လဲ တစ်စုံတစ်ရာသက်ရောက်မှုမရှိစေပါ ၊