CHAPTER 23.3.4

60 15 1
                                    

Wang Dilai က ချက်ချင်းပဲ ခြိမ်းခြောက်သလို ခံစားလိုက်ရလေသည်။ သူမက သူမရဲ့မျက်နှာပေါ်မှာ အပြုံးကို အတင်းတပ်ဆင်ထားပြီး စကားလုံးတစ်လုံးခြင်းစီတိုင်းက သွားကြားထဲက ညစ်ထုတ်ပြီးပြောသလို ထင်ရသည်။
" ကောင်းပြီ ငါ လိုင်းရဲ့ အနောက်ကို သွားလိုက်မယ်"

ထိုစကားကို ကြားသည့်အခါ Ning Tang က
ကျေနပ်စွာ ပြုံးလိုက်သည်။
" ဒါက လုပ်ဖို့ မှန်တဲ့အရာပဲ"

သူမက စာကြောင်းကို ရေရွတ်လိုက်တယ်ထင်ပေမယ့် လူတိုင်းကြားဖို့အတွက် လုံလောက်လေသည်။
သူမက ပြောလိုက်သည်။
" အာ.. ယောင်းမ Wang ဒီလိုဖြစ်ရပ်ကို ဘာကြောင့် ဖြစ်စေတာလဲ မသိဘူး။ သူမ ရိုးရိုးသားသား တန်းစီခဲ့ရင် ပိုကောင်းမှာ။ အခုတော့ သူမက နောက်ဆုံးမှာ အဆုံးသတ်သွားတယ်။ ငါတော့ သူမ ဘာတွေးနေတာလဲဆိုတာမသိဘူး။ သူမက အရမ်းကြီး ဉာဏ်ကောင်းပုံမရဘူး"

ကျိတ်ရယ်နေကြလေသည်။ ဘယ်သူက အရင်စရယ်လိုက်လဲ ငါမသိဘူး ဒါပေမယ့် တစ်ယောက်ပြီးတစ်ယောက် လူတိုင်းက ထရယ်ကြလေသည်။

စူးရှသော ရယ်သံတွေက Wang Dilai ရဲ့ မျက်နှာကို အနီရောင်ကနေ အစိမ်းရောင် ဖြစ်သွားစေလေသည်။ သူမက မြေကြီးထဲတိုး၀င်သွားဖို့ တစ်စင်တီမီတာလောက် အပေါက်ရှိဖို့ ဆုတောင်းနေလေသည်။

Sawa က ဟိုဟိုသည်သည် ကြည့်ကာ ငယ်ရွယ်သေးပြီး အလုံးစုံနားမလည်သေးပေမယ့် Ning Tang က နိုင်သွားတယ်ဆိုတာ သတိမထားမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက အံ့ဩတကြီး လေသံနဲ့
" WOW မိထွေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ!"

Dawa နဲ့ Erniu က ခေါင်းညိတ်လိုက်ပြီး
" သူမက တကယ်အထင်ကြီးစရာကောင်းတယ်"

သူတို့က မိထွေး၊ သူမမှာ ဒီလိုဘက်ခြမ်းရှိဖို့ ‌မ‌မျှော်လင့်ထားဘူး။ သူတို့က Ning Tang က
စားတာနဲ့ အိပ်တာက လွဲရင် ဘာမှကောင်းတာမဟုတ် တွေးထင်ခဲ့ကြတာ ဖြစ်တယ်။ ဒါပေမယ့်  လူတွေက ပုံပန်းအသွင်အပြင်နဲ့ ကွာခြားကြတယ်ဆိုတာကို သူတို့က မထင်ထားကြဘူး!။

ရုတ်ရုတ် သဲသဲဖြစ်တာ စဲသွားပြီနောက် လိုင်းက Ning Tang အလှည့်ရောက်လာပြီ ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: 15 hours ago ⏰

Add this story to your Library to get notified about new parts!

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now