CHAPTER 21.3

210 27 0
                                    

Ning Tang က သီးသွားပြီး ပြောလိုက်သည်။
" ချက်ပြုတ်တတ်တာ ဘာများကောင်းနေလို့လဲ?
မချက်ပြုတ်တတ်တာက လွှဲရင် ငါလုပ်တတ်တာတွေ အများကြီးရှိသေးတယ်"

" ဘယ်လိုမျိုးတွေလဲ?"
Dawa ခေါင်းစောင်းပြီး မေးလိုက်သည်။

" ငါတစ်ခုခုတွေးမိရင် မင်းကို ပြောမယ်"
Ning Tang က ပြောလိုက်သည်။
" အရင်ဆုံး ငါတို့ ဗိုက်တွေကို ဘယ်လို ဖြည့်ရမလဲဆိုတာကို အဖြေရှာ စဥ်းစားကြည့်ရအောင်"

Ning Tang က သူ့ရဲ့ ဗိုက်ဟောင်းလောင်းကို ပွတ်ပြီး တွေးလိုက်သည်။
" အခု ၂၀၂၄ သာဆိုရင် ငါ Deli မှာလိုက်တယ် ဒါမှမဟုတ် အသင့်စား ခေါက်ဆွဲခြောက် လုပ်စားလိုက်တယ်"
" အသင့်စားခေါက်ဆွဲခြောက်လား?"

Ning Tang က ရုတ်တရက် အကြံဉာဏ်ရသွားလေသည်။ ဗီရိုထဲက ၅ယွမ်ကို ယူပြီး သူမအိပ်ကပ်ထဲ ထည့်လိုက်လေသည် ပြီးတော့ Dawa ကို ပြောလိုက်သည်။
" ငါမင်းတို့အတွက် အစားအသောက်သွား၀ယ်လိုက်ဦးမယ်။ ငါ့ကို အိမ်မှာ ကောင်းကောင်းစောင့်နေနော်"

Dawa က အားနည်းစွာ ပြန်ဖြေလိုက်သည်။
" ကောင်းပြီ၊ သားတို့ သုံးယောက် မင်းမပြန်လာခင်ထိ  ဆာပြီး မသေသွားဖို့ မျှော်လင့်တယ်"

Erniu က ရှုပ်ထွေးစွာ မေးလိုက်သည်။
" ဈေးက ဒီအချိန်မဖွင့်ဘူးမလား?"

Ning Tang က သမဝါယမကို တန်းတန်းသွားလေသည်။ သူမက နေ့တိုင်း ဈေး၀ယ်ထွက်နေပြီးတော့ ဒီကျွန်းရဲ့ အဆောက်အအုံတွေကို ပိုပြီးရင်းနှီးလာလေသည်။ သူမက ပထမဆုံးအကြိမ်တုန်းကလို Dawa က သူမကို လမ်းပြပေးဖို့ မလိုတော့ဘူး။

သမဝါယမက ဈေးရဲ့ ဆန့်ကျင်ဘက်၊ Hailang ကျွန်းရဲ့ အရှေ့ဘက်မှာ တည်ရှိလေသည်။

အဲ့ဒါက သမဝါယမလို့ ခေါ်သော်လည်း ဆိုင်၏လမ်းဘက်မျက်နှာစာက ၁၀၀ sqm နီးပါးလောက်ရှိသည်။ နေ့လယ်ပူပူမှာ အထဲမှာ ငယ်ရွယ်တဲ့ အရောင်းစာရေး ယောင်္ကျားလေးတစ်ယောက်ပဲ ရှိပြီး သူက မှန်ကောင်တာကိုမှီပြီး တစ်မှေးအိပ်နေလေ သည်။

Ning Tang က သူ့ရဲ့ရှေ့က မှန်ကို ခေါက်ပြီး
ပြောလိုက်သည်။
" ဟဲလို၊ ကျွန်မ တစ်ခုခု ၀ယ်ချင်လို့ပါ"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now