Chapter 22.1

273 38 0
                                    

Erniu က အမြန်ပြောလိုက်သည်။
" ညစာအတွက် ပင်လယ်စာအစား အသင့်စားခေါက်ဆွဲခြောက်စားကြရအောင်။ ခေါက်ဆွဲ‌ခြောက်က အရသာရှိတယ်"

Sawa က ခေါင်းညိတ်ပြီး
"သား သဘောတူတယ်"

" ညစာအတွက် ခေါက်ဆွဲခြောက်လား?"
Ning Tang က ပြောလိုက်သည်။
" မရဘူး၊  ငါတို့ နောက်တစ်ကြိမ်မှ စားမယ်"

Dawa က သူ့ရဲ့ ခေါင်းကို စောင်းပြီး
" နောက်တစ်ကြိမ်? ဘယ်အချိန်လဲ?"
" နောက်တစ်ကြိမ်က နောက်တစ်ကြိမ်ပေါ့"
Ning Tang က ပြန်ဖြေလိုက်သည်။

Erniu က ပြောလိုက်သည်။
" အိုး နောက်တစ်ကြိမ်က ဒီညပဲ"
" ကောင်းပြီ"
Dawa နဲ့ Sawa တို့က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

Ning Tang က သူမလှည့်ပတ်နေလို့မရဘူးဆိုတာ သိသွားပြီး ပြောလိုက်သည်။
" နောက်တစ်ကြိမ်ဆိုတာ မင်းတို့ အဖေ ပြန်လာတဲ့အချိန်ကို ပြောတာ"

Dawa က မေးလိုက်သည်။
" အဖေက ဘယ်တော့ ပြန်လာမှာလဲ? ဘာဖြစ်လို့ခေါက်ဆွဲခြောက်စားဖို့ကို အဖေ ပြန်လာတဲ့အထိ စောင့် ရမှာလဲ?"

Ning Tang က သူ့ရဲ့ အတွဲလိုက် မေးခွန်းတွေကြောင့် ခေါင်းကိုက်သွားပြီး တစ်ခုပြီးတစ်ခု ပြန်ဖြေလိုက်လေသည်။
" ခေါင်းဆောင် Shen က သြဂုတ်လ ၂၇ရက်နေ့မှာ ပြန်လာမှာ။ ဒီနေ့က သြဂုတ်လ ၁၄ရက်နေ့ ဒါကြောင့် သူပြန်လာဖို့ ၁၄ရက်၊ နှစ်ပတ်နီးပါး လိုသေးတယ်"
Dawa က ခေါင်းညိတ်လိုက်သည်။
" ဒါဆိုရင် ဘာဖြစ်လို့ သားတို့ ခေါက်ဆွဲခြောက်စားဖို့ကို အဖေ ပြန်လာတဲ့အထိ စောင့်ဖို့လိုတာလဲ?"

Ning Tang က ပခုံးတွန့်လိုက်ပြီး
" ဘာဖြစ်လို့လဲဆိုတော့ ငါတို့အိမ်မှာ အပိုအလျံဆန်
မရှိဘူး။ ဒီလရဲ့ နေထိုင်စရိတ်က သူပြန်လာတဲ့အထိ
ပဲ ခံတယ်။ အသင့်စား ခေါက်ဆွဲခြောက်က အရမ်းဈေးကြီးတယ်။ ငါတို့ တစ်ခါတစ်လေ အသားစားလို့ရတယ် ဒါပေမယ့်ငါတို့ အဲ့ဒါကို နောက်တစ်ကြီမ် ထပ်စားချင်ရင် ငါတို့ မင်းတို့အဖေရဲ့ လစာနဲ့ ထောက်ပံ့ငွေ ရတာကို စောင့်ရလိမ့်မယ်"

Shen Lie ရဲ့လစာက မြင့်ပေမယ့် သူက ကလေးသုံးယောက်ကိုထောက်ပံ့ပေးဖို့ လိုသေးတယ်။ သူ့ရဲ့ ဇနီးဟောင်းက အားနည်းပြီး ချူချာတယ်၊ သူက
ဈာပနကုန်ကျစရိတ်အတွက်  များပြားတဲ့ ပိုက်ဆံ ပမာဏကိုလည်း သုံးခဲ့ရတယ်။

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now