Ning Tang က ခုံးကောင်တွေနဲ့ လှီးထားတဲ့ပင်လယ်ခရုတွေကို မီးဖိုပေါ်တင်လိုက်ပြီးတော့
ဂျုံကြာဆန်အချို့ကို ခုံးကောင်တွေပေါ်တင်လိုက်လေသည်။ သူမက ကြက်သွန်ဖြူ ငရုတ်သီးဆော့စ်ကို မစမ်းခင် သူတို့ကို တစ်၀က်ကျက်သည်အထိ စောင့်လိုက်လေသည်။မကြာခင်မှာ ရင်နှီးတဲ့ အကင်ရနံ့က အခန်းထဲ ပြည့်သွားလေသည်။
Dawa က သူမကင်နေတာကို ကြည့်ပြီးတော့ နည်းနည်း ရှုပ်ထွေးသွားလေသည်။
" ဘာကြောင့် ကမာကောင်တွေတုန်းက ကြက်သွန်ဖြူကို တိုက်ရိုက်ထည့်ပြီး ဒါပေမယ့်
ခုံးကောင်နဲ့ ပင်လယ်ခရုတွေကြတော့ ကြက်သွန်ဖြူထည့်ဖို့ စောင့်ရတာလဲ?"" ဘာဖြစ်လို့လဲဆိုတာ့ ကမာကောင်တွေက မြန်မြန်ကျက်ပြီး အဲ့အချိန်မှာ ခုံးကောင်တွေနဲ့ ပင်လယ်ခရုတွေ က နည်းနည်းကြာတယ်"
Ning Tang က ပြောလိုက်သည်။
" တကယ်တော့ ခုံးကောင်တွေနဲ့ ပင်လယ်ခရုတွေကို
ကင်နေတဲ့အချိန် ကြက်သွန်ဖြူနဲ့ ငရုတ်သီးဆော့စ်ကို ထည့်လို့ရတယ်။ အားလုံးက အတူတူပဲ။ ဒါက
ငါ့ရဲ့ကိုယ်ပိုင် ယူဆချက်ပဲ။ ငါက ဒီနှစ်ခုကိုကင်တဲ့အခါ နည်းနည်းစောင့်ပြီးမှ ကြက်သွန်ဖြူနဲ့ ငရုတ်သီးဆော့စ်ကို သုတ်လေ့ရှိတယ်"Erniu က ခေါင်းညိတ်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းခါလိုက်လေသည်။
" မိထွေး မင်းအများကြီး သိတာပဲ။ မင်းပြောတော့ မင်းမချက်ပြုတ်တတ်ဘူးဆို မင်း လိမ်နေတာပဲ"Erniu က ပြောလိုက်သည်။
" မိထွေးက ငါတို့ကို လှည့်စားနေတာပဲ။ သူမက
တမင်သက်သက် အဖေ့ကို မချက်တတ်ဘူးလို့ ပြောတာပဲ ဒါဆိုရင် သူမက တစ်နေ့မှာ တစ်နပ်ပဲချက်ရတော့မယ်"Ning Tang က သက်ပြင်းချလိုက်ပြီး
" ငါက သဘောတရားနည်းနည်းပဲသိတာ။ ငါ တကယ် မချက်တတ်ဘူး။ ကမာကင်တာက လွယ်လွယ်လေး ဒါပေမယ့် ငါမကြော်ချက်နိုင်ဘူး။ braised pork ribs ကိုပဲ နမူနာယူလောက်
ငါ ဘယ်အချိန်မှာ ရေနွေးဖြောရမလဲဆိုတာမသိဘူး၊
နံရိုးတွေကို ဘယ်လိုနှပ်ရမလဲ ဒါမှမဟုတ် ဘယ်လို အမွေးအကြိုင်တွေ ထည့်ရမလဲဆိုတာ ငါမသိဘူး။
ငါလုပ်ကိုလုပ်ရမယ်ဆိုရင် လုပ်တယ် ဒါပေမယ့် မင်းတို့စားကြည့်ဖို့ ဆန္ဒရှိလားဆိုတာကို ငါမေးရမယ်"
YOU ARE READING
၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေး
FantasyThis is not my story. Just translation. All credit to original authors and translator.🥰🥰🥰 Name - Lazy Stepmother of the 70s island Author name -Yizhifan 一之舟 Type -Web Novel 108 Chapters