Part 10 (U+Z)

910 16 1
                                    

ဆရာနှင့်ကျွန်တော် ည7နာရီလောက်မှ အိမ်ပြန်ရောက်သည်။အိမ်ရောက်တော့ လူကတစ်ကိုယ်လုံးညောင်းနေပြီး ပင်ပန်းနေသည်။

"ဦးရှိန်း"

နွေဂန္ဓာဦး နှုတ်ခမ်းလေးစူကာခေါ်လိုက်သည်။

"ဗျာ"
" အခန်းထဲကို ချီပြီးလိုက်ပို့ပါလားဟင်..နွေ့ခြေထောက်တွေညောင်းနေလို့"

ရှိန်းဂုန်ရောင် ဘေးမှာလာကပ်ပြီးချွဲနေသော ကလေးကိုကြည့်ပြီးရယ်လိုက်မိသည်။

"ဟမ့်...တကယ့်ငချွဲလေး"
"ကဲလာ...ဦး ကလေးကိုချီပြီးလိုက်ပို့ပေးမယ်"

" ဟုတ် "

ရှိန်းဂုန်ရောင် ချာတိတ် ကိုကုန်းပိုးပြီး အခန်းထဲလိုက်ပို့ရသည်။

" ကဲ...ဆင်းလို့ရပါပြီဗျာ..အခန်းထဲကိုရောက်ပြီချာတိတ်လေး"

"ဟင့်...ဦးရှိန်း..နွေမဆင်းချင်သေးဘူး..ချမ်းတယ် "

"ဟောဗျာ....ဒါဆိုခနလောက်ကုတင်ပေါ်ဆင်းလိုက်အုံးနော်..ဦးရှိန်း ဖက်ထားပေးမယ်လေ"

ဦးရှိန်းက နွေ့ကို ကုတင်ပေါ်အသာလေးချပေးပြီး.. နွေ့ကိုဆွဲဖက်လိုက်သည်။

" ဟင့်...ဦးရှိန်း "

ရှိန်းဂုန်ရောင် နွေ့ရဲ့ ပါးပေါ်ကအကြောစိမ်းစိမ်းလေးတွေကိုကြည့်ပြီး နမ်းပစ်ချင်စ်ိတ်တွေပေါက်လာသည်။ အဲ့ဒီအကြောစိမ်းလေးတွေက ပါးပေါ်မှာတင်ရှိတာမဟုတ်...အောက်ကိုဖြည်းဖြည်းချင်းကြည့်လိုက်တော့..ကျော့ရှင်းနေတဲ့လည်တိုင်လေးတွေမှာပါတွေ့လိုက်ရသည်။

" ကလေးရဲ့ လည်တိုင်လေးကို နမ်းချင်တယ်ကွာ"

ဦးရှိန်းက ရီဝေဝေမျက်လုံးတွေနှင့်ကြည့်ကာပြောနေသောကြောင့် နွေဂန္ဓာဦး နှလုံးခုန်သံတွေပင်မြန်လာရသည်။

" ဟင့်...ဦးရှိန်း ကလဲ"

" နော်..ကလေးလေး...ကိုယ့်ကိုခွင့်ပြုပေးပါ"

" အွန်းအွန်း နမ်းပဲနမ်းရမှာနော်"

နွေဂန္ဓာဦး ခေါင်းလေးငုံ့ပြီး ပြောနေတုန်း ဦးရှိန်းကသူကို အိပ်ယာပေါ်တွန်းလှဲလိုက်ပြီး အပေါ်ကနေအုပ်မိုးကာ နွေ့ရဲ့ လည်တိုင်တွေကိုအငမ်းမရ နမ်းစုတ်တော့သည်။

He's mine❤️✨ (Completed )Where stories live. Discover now