🦋 မိန်းကလေးအချစ်ပါ 🦋
(ရင်ခွင်ထဲက သတို့သမီး S2)
ထူးခြား 🩺
အချစ်က ဒုတိယအကြိမ် ထွက်ပေါ်လာဦးမယ်လို့ ဘယ်သူထင်မိမှာလဲ ... တစ်ခါသေဆုံးပြီးတဲ့ ကိုယ့်နှလုံးသားကို ဆွဲလှုပ်နှိုးယူလိုက်သူကတော့ နှင်းအိမ်ငယ်ဆိုတဲ့ ချာတိတ်မလေးပေါ့ ...
ကိုယ့်အတွက် ချာတိတ်က အချစ်ဦးမဟုတ်ခဲ့ပေမယ့် ကိုယ့်နှလုံးသားကြီးနဲ့ နက်နက်ရှိုင်းရှိုင်းချစ်နေမိတာတော့ ယုံပေးပါနော် ...နှင်းအိမ်ငယ် ❄️
အချစ်ကဘာနဲ့စလဲလို့မေးရင် ဂျူတီကုတ်လေးနဲ့စပြီး နားကြပ်လေးနဲ့ ဆုံးတာပေါ့ရှင် ...
ကိုကြီးကို မြင်တိုင်းခုန်လှုပ်သွားတဲ့ အိမ်ငယ့်နှလုံးခုန်သံတွေကို ကိုကြီး ကြားပါစေ ...ဇာတ်လမ်းအကျဉ်း 🥀🤎
အချစ်ဦးနဲ့ လမ်းခွဲခဲ့ရပြီးနောက် နှလုံးသား သေဆုံးသွားတဲ့ လူတစ်ယောက်လို နေထိုင်နေတဲ့ ထူးခြားဆိုတဲ့ ဒေါက်တာလေး နှလုံးသားကို အသက်ဝင်လာအောင် လှုပ်နှိုးပေးမယ့် ချာတိတ်မလေး ပေါ်လာတဲ့အခါ ...
အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးဆို မှန်တာပဲ ...
ကိုကြီးက သူ့ရဲ့ အချစ်ဦးကို တစ်ရက်မှ မမေ့ခဲ့ပါဘူး ...
အဲ့ဒီလိုပဲ အိမ်ငယ့်ကိုလဲ တစ်ခါမှ မချစ်ခဲ့ပါဘူး ...ကိုကြီးက ကျွန်မအတွက် နေမင်းကြီးနဲ့ တူပါတယ် ...
ကိုကြီးက နေမင်းကြီးလို တောက်ပတဲ့အလင်းရောင်တွေပေးပေမယ့် အဲ့ဒီ တောက်ပတဲ့ နေမင်းကြီးရဲ့ အပူရှိန်တွေကလည်း အိမ်ငယ့်ကို ပူလောင်စေပါတယ် ...
အဲ့ဒီနေမင်းကြီးနဲ့တူတဲ့ကိုကြီးကို အသက်တမျှ ချစ်ရပါတယ် ဒါပေမယ့် ...သွက်သွက်လက်လက်နဲ့ အမြဲတမ်းပြုံးနေတတ်တဲ့ ကောင်မလေးနဲ့ အေးစက်စက်ရေခဲတုံး ဒေါက်တာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး...
မိန်းကလေးအချစ်ပါ ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း နှင်းအိမ်ငယ်ဆိုတဲ့ ကောင်မလေးက ကိုကြီးကို ဘယ်လိုတွေ ချစ်ပေးမလဲ...
ပိုးသားဖြူကို မမေ့နိုင်တဲ့ ထူးခြားကရော နှင်းအိမ်ငယ်ဆိုတဲ့ ချာတိတ်မလေးကို နှလုံးသားတစ်ခုလုံးနဲ့ ပုံအောပြီးချစ်ပေးနိုင်ပါ့မလား ...
YOU ARE READING
🦋မိန်းကလေးအချစ်ပါ🦋
Romance🦋 မိန်းကလေးအချစ်ပါ 🦋 (ရင်ခွင်ထဲက သတို့သမီး S2) ထူးခြား 🩺 အချစ်က ဒုတိယအကြိမ် ထွက်ပေါ်လာဦးမယ်လို့ ဘယ်သူထင်မိမှာလဲ ... တစ်ခါသေဆုံးပြီးတဲ့ ကိုယ့်နှလုံးသားကို ဆွဲလှုပ်နှိုးယူလိုက်သူကတော့ နှင်းအိမ်ငယ်ဆိုတဲ့ ချာတိတ်မလေးပေါ့ ... ကိုယ့်အတွက် ချာတိတ်က အချ...