အပိုင်း (၈)

2.5K 61 0
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၈)

*ကိုကြီး အိပ်ပြီလား *
အိမ်ငယ် လိုင်းဖွင့်လိုက်တော့ ကိုကြီးအကောင့်က မီးစိမ်းနေတာကြောင့် စာပို့လိုက်၏ ...
ပို့ပြီးမကြာလိုက် ကိုကြီးက စာပြန်လာသည် ...
ဘာရယ်မသိ reply မြန်တာကိုလည်း သဘောကျနေမိပြန်၏ ...

*မအိပ်သေးဘူး *

*ဘာလုပ်နေတာလဲ *

*သတင်းကြည့်နေတာ *

*ပျင်းလိုက်တာ စကားပြောစရာလူလည်း မရှိဘူး

ကိုယ်ရှိတယ်လေဆိုပြီး ပြောလာမလားလို့ညစကားကြောင်းလိုက်ပေမယ့် ပြန်ပို့လာတဲ့ ကိုကြီးဆီက ပြန်စာကြောင့် ဆွံအသွားရတော့သည် ...

*ဘာကိုစကားပြောမှာလဲ မင်းကကျောင်းသူမဟုတ်ဘူးလား စာလုပ်ပေါ့ ... စာကဖြင့် မရပဲနဲ့ *

"..."
ပြောလိုက်မိတဲ့ အိမ်ငယ့်အမှား ဒီလူပျိုသိုး လူ့ဂွစာကြီးဆီက ဘာတွေ မျှော်လင့်နေမိတာလဲ ...

ဒါပေမယ့်လည်း ကိုကြီးစကားအတိုင်း ဖုန်းချကာ စာထိုင်လုပ်လိုက်သည် ...
.........

"အမယ် ...အိမ်ငယ်မ ထူးထူးဆန်းဆန်းအစောကြီးရောက်နေပါလား "

အိမ်ငယ်က တက္ကသိုလ် စတက်တဲ့နေ့တည်းက အမြဲ နောက်ကျပြီးမှ ရောက်ကာ ဒီနေ့မှ အစောကြီးရောက်နေတာမို့ သူငယ်ချင်းတွေက ထူးဆန်းသလို ငေါ့လိုက်၏ ...

"ဟီး ... ဒီနေ့ ကိုကြီးက ငါ့ကို လိုက်ပို့တာလေ "

"အမယ် ... တယ်ဟုတ်ပါလား ... အခြေနေတွေ တိုးတက်နေပြီပေါ့ "
"အဲ့လိုလည်း မဟုတ်ဘူးဟ ... ဟို့နေ့က ငါ ကိုကြီးကို ဖွင့်ပြောလိုက်တယ် "

"ဟယ် ... တကယ်ကြီးလား ... အဲ့ဒါဆို နင်တို့ ချစ်သူတွေ ဖြစ်သွားကြပြီပေါ့ "

"ဟင့်အင်း ... ချစ်သူတွေတော့ မဖြစ်ဘူး "

"ဟမ် ... ဘာကြီးလဲဟ နင်ပြောတော့ ဖွင့်ပြောလိုက်ပြီဆို "

"အင်းလေ "

"အဲ့ဒါဆို ဘာလို့ ... မဟုတ်မှ အိမ်ငယ် နင်အငြင်းခံလိုက်ရတာလား "

"အင်း "
ငိုမဲ့မဲ့ မျက်နှာငယ်လေးနှင့် ခေါင်းငြိမ့်ပြလိုက်သည် ..

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now