🦋မိန်းကလေး အချစ်ပါ 🦋 အပိုင်း (၁၀)
အိမ်ငယ် အခန်းထဲပြန်ရောက်တဲ့အထိ အဖြစ်အပျက်တွေကို လိုက်လို့မမှီနိုင်သေးသလို ကြောင်အမ်းအမ်းဖြစ်ခြင်းနှင့်အတူ ရင်ေတွကလည်း တလှပ်လှပ်တဒုတ်ဒုတ်နဲ့ လှုပ်ခုန်နေပါသေးသည် ...
ကိုကြီးနဲ့ အိမ်ငယ်က ချစ်သူတွေဖြစ်သွားကြပြီတဲ့လား ... နောက်ပြီး စတွဲဖို့ ပြောလာသူကလည်း ကိုကြီးတဲ့ ...ခေါင်းအုံးလေးဆွဲယူပြီး မွေ့ယာပေါ် လှဲချလိုက်ကာ ပူနွေးနေသယောင်ရှိတဲ့ ကိုကြီးနမ်းရှိုက်သွားတဲ့ ပါးလေးတစ်ဖက်ကိုအုပ်ကိုင်ရင်း ကိုကြီးရဲ့ ခပ်ရှရှအသံကို ပြန်ကြားယောင်မိပြန်၏ ...
"မွ အိပ်မက်မဟုတ်ဘူး တကယ် "
"ဟင် "
"ကိုယ်နဲ့ မင်းက ဒီနေ့ကစပြီး တရားဝင်ချစ်သူတွေ ဖြစ်သွားပြီ ကြားလား ချာတိတ်မ "
"ရှင် ဟုတ် "
"အဟင်း သာလိကာမလေးက စကားတွေနည်းနေပါလားကွ ... ပါးလေးတွေကလည်း ရဲနေတာပဲ "
ပြောရင်း အိမ်ငယ့် ပါးတစ်ဖက်ကို ကိုကြီးက ဆွဲဖဲ့နေပြန်၏ ...
အိမ်ငယ် မဝံ့မရဲနဲ့ ကိုကြီးကို မော့ကြည့်လိုက်တော့ ကိုကြီးက အိမ်ငယ့်ကို ပြုံးကာ စိုက်ကြည့်နေတာကြောင့် အိမ်ငယ်ချက်ချင်း မျက်လွှာချကာ ခေါင်းကို ပြန်ငုံ့လိုက်ရပြန်သည် ...
ဟူး ... ဒီအခြေအနေကြီးက နေရခက်လိုက်တာ ..."ချာတိတ် အိမ်ပြန်ချင်ပြီလား "
"ဟင် "
"သွားကြစို့လေ ... အန်တီတို့ကိုလည်း မပြောခဲ့ရဘူးမလား "
"ဟုတ် "
လမ်းထိပ်ကနေ အိမ်ငယ်တို့အိမ်ကို ပြန်လှည့်လာခဲ့၏ ...
လမ်းတစ်လျှောက် တစ်ယောင်မှ စကားမပြောကြပေမယ့် အိမ်ငယ်ကတော့ ခပ်သင်းသင်းရနေတဲ့ ရေမွှေးနဲ့အတူ ရောနေတဲ့ ကိုကြီးရဲ့ ကိုယ်သင်းလေးကို ခိုးပြီး ရှူရှိုက်နေလိုက်က်သည် ...အိမ်ငယ်တို့ခြံရှေ့ရောက်တော့ ကိုကြီးက ကားရပ်ပေးသည်နှင့် အိမ်ငယ်လည်း ခါးပတ်ကြိုးလေးဖြုတ်ကာ ကားပေါ်ကဆင်းမယ်အလုပ် ...
"ချာတိတ် "
"ရှင် ..."
ခေါ်သံကြောင့် ကိုကြီးဘက်ပြန်လှည့်ကာ ကြည့်လိုက်တော့ ....
YOU ARE READING
🦋မိန်းကလေးအချစ်ပါ🦋
Romance🦋 မိန်းကလေးအချစ်ပါ 🦋 (ရင်ခွင်ထဲက သတို့သမီး S2) ထူးခြား 🩺 အချစ်က ဒုတိယအကြိမ် ထွက်ပေါ်လာဦးမယ်လို့ ဘယ်သူထင်မိမှာလဲ ... တစ်ခါသေဆုံးပြီးတဲ့ ကိုယ့်နှလုံးသားကို ဆွဲလှုပ်နှိုးယူလိုက်သူကတော့ နှင်းအိမ်ငယ်ဆိုတဲ့ ချာတိတ်မလေးပေါ့ ... ကိုယ့်အတွက် ချာတိတ်က အချ...