အပိုင်း (၃၁)

3.6K 119 5
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၃၁)

"ချာတိတ် ထိုင်လေ ... ဘာစားချင်လဲ "

ထူးခြားက ဆိုင်ထဲရောက်တော့ သူမထိုင်ဖို့အတွက် ခုံကိုပြင်ပေးလိုက်ပြီး သူကလည်း သူမနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်၏ ...

"အိမ်ငယ် ဘာမှမစားချင်ပါဘူး ... ကိုကြီး ပြောစရာရှိတာ မြန်မြန်ပြောပါ "

"သူများဆိုင်လာပြီး ဘာမှ မမှာပဲ ဒီတိုင်းထိုင်နေရင် ဘယ်ကောင်းပါ့မလဲ ချာတိတ်ရဲ့ ... ချာတိတ် ကြေးအိုးကြိုက်တယ်မလား ... ကိုယ်ကြေးအိုးမှာလိုက်မယ်နော် "

သူမနဲ့ အချိန်လေးနည်းနည်းဖြစ်ဖြစ် ပိုရှိချင်တာမို့ အကြောင်းပြချက်ရှာလိုက်ရသည် ...

အိမ်ငယ်ကတော့ ဘာမှပြန်မပြောပဲ ခေါင်းငြိမ့်ပြလိုက်၏။

အတန်ကြာတဲ့အထိ ကိုကြီးက ဘာမှစကားမှမပြောသေးပဲ အိမ်ငယ့်ကိုသာ စိုက်ကြည့်နေတာမို့ အိမ်ငယ် ကိုကြီးကို ပြန်မော့ကြည့်လိုက်ကာ ...

"ကိုကြီး ပြောစရာရှိတယ်ဆို "

"အင်း ... ဟိုမှာ စားစရာတွေ လာချပြီ ... စားပြီးမှ ပြောရအောင် အစားစားရင်း စကားမပြောရဘူးလေ "

ကိုကြီးက တမင်ကတ်နေတာသိပေမယ့် ဘာမှမပြောဖြစ်ပဲ စားပွဲထိုးလာချပေးတဲ့ ကြေးအိုးကို ခပ်မြန်မြန်သောက်လိုက်သည် ...

အိမ်ငယ်စားလို့ပြီးတဲ့အထိ ကိုကြီးက မပြီးသေးတာမို့ ထိုင်စောင့်နေလိုက်ပြီး ကိုကြီးက ပြီးတော့လည်း ဟိုဟာလုပ်တာလိုလို ဒီဟာလုပ်တာလိုလိုနဲ့ ဘာမှမပြောပဲ တမင်အချိန်ဆွဲနေသေးတာကြောင့် အိမ်ငယ်စိတ်မရှည်တော့ပဲ ခုံမှ မတ်တပ်ထရပ်လိုက်ကာ ...

"ကိုကြီး ပြောစရာမရှိရင် အိမ်ငယ် ပြန်တော့မယ် "

ထိုအခါမှ ထူးခြားလည်း သူ့ခုံမှထကာ သူမကိုလှမ်းကိုင်လိုက်ပြီး ...

"ဟာ မပြန်နဲ့လေ ... ချာတိတ်ကလည်း စိတ်ချည်းပဲ ပြန်ထိုင်နော် ..."

သူမပခုံးလေးကို ဖွဖွဖိချကာ ပြန်ထိုင်ခိုင်းလိုက်သည် ...

"ပြောစရာရှိတာမြန်မြန်ပြော "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now