အပိုင်း ၂၆

3.2K 103 5
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၆)

"ကျွန်တော် ချာတိတ်တို့အိမ် ခဏသွားလိုက်ဦးမယ် မေမေ "

"အေအေး... သွားပြီး  မေမေ့ ချွေးမလောင်းလေးကို စိတ်ကောက်ပြေအောင် ချော့ခဲ့နော် "

ထူးခြား သူ့အမေကို ခေါင်းငြိမ့်ပြကာ ချာတိတ် အိမ်ဘက်သို့ ခြေလှမ်းသွက်သွက်နှင့် လျှောက်လာခဲ့လိုက်သည် ...
အရင်လိုရော သူမကို ချော့လို့ရပါဦးမလား ...
ကိုယ့်ကို မမုန်းပါနဲ့ဦး ချာတိတ်ရယ် ...
အရင်လို ကိုယ့်ကို အများကြီးချွဲပြီး ဆက်ချစ်နေပေးပါဦး ...

ခြံတံခါးဖွင့်ထားတာကြောင့် ဝင်သွားလိုက်တေယ့ အိမ်ရှေ့ခန်းတွင် ချာတိတ်မေမေ အန်တီနှင်းကိုတွေ့ရ၏ ...
အန်တီနှင်းက သူ့ကိုမြင်တော့ မျက်နှာပျက်သွားတာကို သတိထားလိုက်မိသည် ...
သူတို့အကြောင်းကို သိသွားတော့တာများလား ...

ဒါပေမယ့် အခုချိန်မှာ အရေးကြီးဆုံးက ချာတိတ်စိတ်ဆိုးပြေဖို့ပဲမို့ အန်တီနှင်းကို ပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်သည် ...

"အန်တီနှင်း "

"အွန်း ... မောင်ထူးခြား ဘာကိစ္စရှိလို့လဲကွဲ့ "

သမီးလေးကို ငို‌ရအောင် လုပ်ထားသူမို့ စိတ်ဆိုးပေမယ့် ကိုယ်က လူကြီးဖြစ်တာကြောင့် ‌ရှေ့ကောင်းနောက်ကောင်းကြည့်ကာ စကားပြောလိုက်သည် ...

"ဟို ... ချာတိတ် အိမ်မှာရှိလားဗျ "

"အွန်း ရှိတယ်ကွဲ့"

"ဟုတ် ... ချာတိတ်နဲ့ စကားလေးနည်းနည်းလောက်ပြောချင်လို့ပါဗျ "

"အွန်း ... အန်တီ သမီး‌ေလးကို သွားခေါ်ပေးမယ် "

သူတို့လူငယ်ချင်း ရှင်းစရာရှိတာရှင်းရအောင် စကားပြောကြသင့်တယ်လို့ထင်တာကြောင့်အိမ်ပေါ်ထပ်ကို တက်ခဲ့လိုက်သည် ...
............
ကိုကြီးနဲ့ လမ်းစခွဲတဲ့နေ့ကတည်းက ဖျားခဲ့တာ ဒီနေ့မှ နလန်ထူနိုင်ကာ တစ်ပတ်တိတိ အဖျားကြီးနေခဲ့သည် ...
ခုလည်း လန်းသွားအောင် ရေဝင်ချိုးလိုက်ပြီး လက်ရှည်အပါးလေးဝတ်ကာ အောက်ကဘောင်းဘီရှည်လေးဝတ်လိုက်ပြီး ခေါင်းပါလျှော်ထားတာမို့ မှန်တင်ခုံမှာထိုင်ကာ ဆံပင်တွေကို dryer နဲ့ မှုတ်နေလိုက်သည် ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now