အပိုင်း (၂၅)

3.6K 98 3
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၅)

နောက်ဆုံးတော့ အိမ်ငယ် တွေပြီးကြောက်နေခဲ့မိတဲ့ ကိစ္စကြီးက ဖြစ်လာခဲ့ပြီ ...
အဲ့ဒါကလည်း အိမ်ငယ်ပိုယ်တိုင်ဖန်တီးခဲ့တာတဲ့ ...

ကိုကြီးနဲ့ စတွဲကတည်းက အိမ်ငယ် အမြဲတွေးပူပြီးကြောက်နေခဲ့မိတာက ကိုကြီးက အိမ်ငယ့်ကိုမချစ်တော့ပဲ လမ်းခွဲစကားပြောလညမှာကိုပဲ ... အခုတော့ လမ်းခွဲစကားကို အိမ်ငယ်က အရင်ပြောထွက်ခဲ့သတဲ့ ...

ကိုကြီးနဲ့ လမ်းခွဲပြီးကတည်းက တစ်ညလုံး အခန်းအောင်းပြီး ငိုနေခဲ့မိပြီး အိပ်ပျော်သွားခဲ့ရသည် ...

"ဒေါက် ဒေါက် ... အိမ်ငယ် သမီးငယ် မထသေးဘူးလား "

နေတော်တော်မြင့်သည်အထိ အောက်ကိုဆင်းမလာသေးတဲ့ သမီးဖြစ်သူကြောင့် အိမ်ငယ့်မေမေက အခန်းတံခါးလာခေါက်ကာ နှိုးနေပေမယ့် အခန်းထဲကနေ အိမ်ငယ်က တံခါးလာမဖွင့်တာကြောင့် ကိုယ့်ဟာကိုယ် တံခါးဖွင့်ပြီးဝင်လာခဲ့လိုက်သည် ...

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေသေးတဲ့ သမီးဖြစ်သူကိုကြည့်ကာ ...

"ကြည့် ဒီကောင်မလေးကတော့ ... ညက ဘယ်အချိန်မှ အိပ်သလဲ မသိဘူး အခုထိကို မထသေးဘူး "

ပြောပြောဆိုဆိုနှင့် အိမ်ငယ်ကုတင်ပေါ်တက်လိုက်ကာ ...

"နှင်းအိမ်ငယ် ဟဲ့ မိနှင်းအိမ်ငယ် ထတော့ ဘယ်အချိန်ရှိနေပြီလဲ ... နေမြင့်လှပြီ ဒါမိန်းကလေးတစ်ယောက်အိပ်ဪမယ့် အချိန်မဟုတ်ဘူး ထတော့ အခု "

အိမ်ငယ့်မေမေ ဒေါ်နှင်းခက်က သူ့သမီးကို လက်မောင်းကိုလှုပ်ကာ နှိုးလိုက်တော့ သူမက မျက်လုံးတွေ ဖွင့်မလာနိုင်သေးပဲ ညဉ်းသံခပ်ဖွဖွလေးတွေသာ ထွက်လာ၏ ...

"အင်း ... အင့် အဟင့် "

"ဟင် ... ဘာဖြစ်တာလဲ နေမကောင်းဘူးလား "
ဒေါ်နှင်းခက်က သူ့သမီးကို စိုးရိမ်စွာ  နှဖူးလေးကို စမ်းကြည့်မိတော့ ကျစ်ကျစ်တောက်လို့ ပူနေ၏ ...

"အို ဖျားနေတာပဲ "

"အင်း အဟင့် မေမေ "

အိမ်ငယ်က ပူစပ်နေတဲ့ မျက်လုံးတွေကို အားယူဖွင့်လိုက်ပြီး ရှေ့မှာ ရှိနေတဲ့ သူမမေမေကို ခေါ်လိုက်၏ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now