အပိုင်း (၂၈)

3.6K 84 7
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၈)

အိမ်ငယ်တို့ ကားနားရောက်တော့ ကားတံခါးက အလိုလို ပွင့်လာကာ ...

"Hi "

"ဟင် ..."

"Hi အိမ်ငယ် "

ကားထဲကနေ အိမ်ငယ့်ကို ပြူံးပြကာ နှုတ်ဆက်လာတဲ့ ဖြိုးမင်းသူတို့ အဖွဲ့သုံးယောက်ဖြစ်၏ ...
သုံးယောက်လုံး သွားကြီးဖြီးကာ အိမ်ငယ့်ကို လက်လှမ်းပြနေကြသည် ...

"နင်တို့ရော ပါတာလား "

အစက အိမ်ငယ်နဲ့ စုလဲ့နဲ့ နှစ်ယောက်တည်းလို့ ထင်ထားခဲ့ပေမယ့် အခုတော့ ၆ယောက်အဖွဲ့ဖြစ်သွားတော့၏ ...

"အင်း နင်တို့ မိန်းကလေး သုံးယောက်ပဲ တိတ်တိတ်လေးသွားဖို့ စဉ်းစားနေကြတာလား ... ငါတို့လည်း နင်တို့ သူငယ်ချင်းပဲလေ "

"အဲ့အကောင်တွေက သူတို့ရော လိုက်မယ်ဆိုပြီး ငါ့ကားက ကျဉ်းလို့ ဖြိုးမင်းသူက သူ့ကားအသစ်စက်စက်ကြီးယူလာခဲ့တာပဲ "

စုလဲ့က ကားနောက်ခန်းမှာ အိမ်ငယ့်အဝတ်အိတ်ကို ထည့်ပေးပြီးပြန်လာကာ ဝင်ပြောလာတာကြောင့် အိမ်ငယ်လည်း ခေါင်းငြိမ့်ကာ သူတို့နဲ့အတူကားထဲဝင်ထိုင်လိုက်သည် ...

"ကဲ လူဆုံပြီဆိုတော့ ကျွန်တော်တို့ရဲ့ ခရီးစဉ်လေး စပါပြီခင်ဗျာ့ "

မောင်းသူနေရာမှာ ထိုင်နေတဲ့ ဖြိုးမင်းသူက ပြောလိုတော့ နောက်က စည်သူတို့နှစ်ယောက်ကလည်း လက်တွေမြှောက်ကာ အော်ဟစ်လာကြ၏ ...

"ဟူး ... ရေး "

ကားက အမိုးဖွင့်လို့ရတာကြောင့် အမိုးဖွင့်စီးကာ သူငယ်ချင်းတွေအကုန်လည်းစုံတာမို့ တစ်ယောက်‌တစ်ပေါက် စကားတွေပြောလိုက် ရယ်လိုက်ကြနှင့် အားလုံး ပျော်နေကြ၏ ...
သူတို့လို မပျော်နိုင်သူကတော့ အိမ်ငယ်သာဖြစ်သည် ...
ကိုကြီးကို မေ့ချင်လို့ ခရီးထွက်လာခဲ့ပေမယ့် ကိုကြီးဆီသာ စိတ်တွေက ရောက်နေပြီး ကိုကြီးအကြောင်းတွေပဲ တွေးနေမိ၏ ...
ဒီအချိန်ဆို ကိုကြီးဘာတွေများလုပ်နေမလဲ ...
အိမ်ငယ် ခရီးထွက်သွားတာသိရင်ရော ကိုကြီးဘယ်လိုဖြစ်မလဲ ...

ဖြိုးမင်းသူကတော့ တခြားသူငယ်ချင်းတွေ‌ပြောတဲ့စကားဝိုင်းထဲ ဝင်ပြောလိုက်ရယ်လိုက်နှင့် ကားမှန်ကနေလည်း သက်ပြင်းအခါခါချပြီး ငိုင်နေတဲ့ အိမ်ငယ့်ကိုပဲ ကြည့်နေမိ၏ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now