အပိုင်း (၁၂)

3.3K 68 4
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၁၂)

"ကိုကြီး"

"ဟင် ချာတိတ်"

"ကိုကြီး ဒီနေ့ ဂျူတီရှိလို့ အိမ်ပြန်လာလို့မရဘူးလို့ မေမေသက်ကပြောလို့ အဲ့ဒါ အိမ်ငယ် ထမင်းချိုင့်လာပို့တာ"

"ဪ အပင်ပန်းခံလို့ချာတိတ်ရယ် ဒီမှာ ဝယ်စားလည်း ရပါတယ် "

"ဟင် ကိုကြီးကလည်း အိမ်ကချက်တာနဲ့ ဝယ်စားတာ ဘယ်တူမှာလဲ ... နောက်ပြီး အိမ်ငယ်လည်း ကိုကြီးနဲ့ အတူတူစားချင်လို့ ဘာမှ မစားခဲ့ဘူး ဟီး "

"ဟာ ဒေါက်တာ ... ဒေါက်တာ့ညီမလေးလား "

အခန်းထဲကနေ ကိုကြီးလို ဂျူတီကုတ်ဝတ်ထားတဲ့ အကိုတစ်ယောက်နဲ့ အမတစ်ယောက်ထွက်လာကာ အိမ်ငယ့်ကိုပြုံးပြကာ မေးလိုက်တော့ ...

" ညီမလေးမဟုတ်ပါဘူးဗျ ..."

ဟုတ်တယ်လေ အိမ်ငယ်က ကိုကြီးညီမလေးမဟုတ်ဘူး ကိုကြီးချစ်သူပါဆိုတာပြောပြလိုက် ... ဟီး
အိမ်ငယ်တစ်ယောက်တည်း စိတ်ထဲကနေ ကြိတ်ပျော်နေရင်း ကိုကြီးဆက်ပြောလိုက်တဲ့ စကားကြောင့် ဆွံအ သွားရတော့သည် ...

"ကျွန်တော့်ညီမလေးမဟုတ်ပါဘူးဗျ ... အိမ်ဘေးက အသိညီမလေးပါ "

အသိညီမလေးတဲ့ ... အိမ်ငယ် ငိုင်ကျသွားရသလို စိတ်ထဲမှာလည်းဝမ်းနည်းကာ အလိုမကျဖြစ်သွားရ၏ ...
ကိုကြီးကတော့ ဘာမှ မဖြစ်သလို အေးဆေးတည်ငြိမ်စွာပင် ...

"ဪ ဟုတ်သားပဲ ... ဒေါက်တာထူးခြားက တစ်ဦးတည်းသောသားလေနော့ "

"ဟုတ် ကျွန်တော်တို့ ထမင်းသွားစားလိုက်ပါဦးမယ်ဗျ "

"ဟုတ် ဟုတ် "

" လာ ချာတိတ်ထမင်းသွားစားကြမယ် "

အိမ်ငယ် ဘာမှမပြောတော့ပဲ ကိုကြီးနောက်သာ လိုက်ခဲ့တော့သည် ...
ကိုကြီးရဲ့ နားခန်းထဲရောက်တော့ ထမင်းချိုင့်ချပေးကာ ကိုကြီးမျက်နှာကိုလည်းမကြည့်ပဲ ...

"အိမ်ငယ် ပြန်တော့မယ် "

"ဟင် ... ထမင်းစားမယ်ဆို "

"အိမ်ရောက်မှပဲ စားတော့မယ် "

"ဟောဗျာ ခုနကတော့ အတူတူ စားချင်လို့ဆို လာ စားမယ် "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now