အပိုင်း (၄)

2.9K 75 2
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၄)

ရုပ်ရှင်ရုံရောက်တော့ ကိုလာနဲ့ ပေါက်ပေါက်ဘူးကြီးတစ်ဘူး အရင်ဝယ်လိုက်သည် ...

"ဟဲ့ ... ရုပ်ရှင်ရုံက လူတွေ ရှင်းနေတာပဲနော် ... စနေပြီမို့လားမသိဘူး "

ရုပ်ရှင်ရုံက ခါတိုင်းလို လူတွေ အများကြီးမရှိပဲ ‌ဝန်ထမ်းတွေနဲ့ အိမ်ငယ်တို့နှစ်ယောက်သာ ရှိနေတာကြောင့် ဘေးက ဖြိုးမင်းသူကို လှမ်း မေးလိုက်သည် ...

"ဟင် ... အင်း ဝင်ကြရအောင်လေ ... ပေး အဲ့ဘူးတွေ ငါကိုင်ပေးမယ် "

သူမလက်ထဲက ကိုလာနဲ့ ပေါက်ပေါက်ဘူးကိုလှမ်းယူကာ သယ်ပေးခဲ့လိုက်ပြီး ရုပ်ရှင်ရုံထဲသို့ သူမနောက်က လိုက်ဝင်လာလိုက်သည် ...

"ဟင် ... ဘယ်သူမှလည်း မရှိဘူး "

ရုပ်ရှင်ရုံတစ်ခုလုံးမှောင်မဲကာ ဘယ်သူမှမရှိတာကြောင့် နောက်ကိုလှည့်ကာကြိုက်လိုက်တော့ ဖြိုးမင်းသူလည်း မရှိတော့ ...
ထိုအချိန် ဝင်းခနဲဖြစ်သွားကာ ရုပ်ရှင်ရုံတစ်ခုလုံး မီးတွေဝင်းလာပြီး အိမ်ငယ့်ရှေ့တည့်တည့်က ဇာတ်ကားပြတဲ့ ပိတ်ကားကြီးကနေ ပုံလေးတွေ ပေါ်လာခဲ့၏ ...
ပထမဆုံးပေါ်လာတဲ့ပုံလေးက ၅နှစ်အရွယ် အိမ်ငယ်က တစ်ဖက်ကိုလှည့်စိတ်ဆိုးနေကာ ဖြိုးမင်းသူက လိုက်ချော့နေတဲ့ပုံလေး ထို့နောက် အိမ်ငယ်၅နှစ်ပြည့်မွေးနေ့တုန်းကပုံလေးကနေ အဖြူအစိမ်းနဲ့ ကျောင်းအတူတူသွားကြတဲ့ပုံလေးတွေရယ် အိမ်ငယ်စိတ်ဆိုးနေတဲ့အချိန် သူ ခိုးရိုက်ထားတဲ့ပုံလေးတွေရော ဖြစ်ကာ နောက်ဆုံးပုံကတော့ အိမ်ငယ် ခုဝတ်ထားတဲ့ အဝတ်အစားနဲ့ အခုပုံလေးဖြစ်၏ ...
ဘယ်အချိန်ခိုးရိုက်ထားတယ်မသိ ...
ပုံတွေအားလုံးပြပြီးသွားချိန်မှာတော့ စာတန်းလေးပေါ်လာကာ ...
             I Love you Hnin Eain Nge တဲ့

အိမ်ငယ် စိုက်ကြည့်နေမိရင်း အနောက်ကနေ ပေါ်ထွက်လာတဲ့ သီချင်းသံကြောင့် လှည့်ကြည့်လိုက်တော့  ဖြိုးမင်းသူက လက်တစ်ဖက်နဲ့ အဖြူရောင်နှင်းဆီပန်းစည်းကိုကိုင်ပြီး နောက်တစ်ဖက်က မိုက်ကို ကိုင်လျက် အိမ်ငယ့်ကို သေချာစိုက်ကြည့်ကာ အိမ့်ငယ့်ဆီသို့‌ေလျှာက်လှမ်းလာရင်း ညဏ်လင်းအောင်ရဲ့ သူငယ်ချင်း သီချင်းဆိုလာခဲ့၏ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now