အပိုင်း (၂၉)

3.1K 88 3
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၉)

ထူးခြား အိမ်ငယ်အမေဆီကနေ လိပ်စာရပြီးပြီမို့ ချက်ချင်းလိုက်သွားချင်ပေမယ့် အလုပ်က ခွင့်ချက်ချင်းတင်မရတာကြောင့် စောင့်နေရသေး၏ ...

"သား ... သားအလုပ်က အခုထိ ခွင့်မရသေးဘူးလား "

ဆေးစာအုပ်ဖတ်နေတဲ့ ထူးခြားအနားသို့ ဒေါ်သက်ထားဝင်ထိုင်ကာ မေးလိုက်ရာ ထူးခြားက ဖတ်နေတဲ့ဆေးစာအုပ်ကို ပိတ်လိုက်ပြီး သူ့အမေကို ခေါင်းငြိမ့်ပြကာ ...

"ဟုတ်တယ် အမေ ... နောက်အပတ်ထဲတော့သေချာပေါက်ရမယ်လို့ပြောတယ် "

"အေးပါကွယ် ... အ‌ေမလည်း သားတို့ပြန်အဆင်ပြေတာကိုပဲ မြင်ချင်ပြီ "

"စိတ်ချပါအမေ ... ချာတိတ် စိတ်ဆိုးပြေပြီး ကျွန်တော့်ကို ပြန်လက်ခံဖို့အတွက် ကျွန်တော်အစွမ်းကုန်ကြိုးစားမှာမို့ "

"ဟုတ်ပါပြီကွယ် ... "
.........

"စုလဲ့မ ... မိစုလဲ့ "

အိမ်အောက်ကနေ စုလဲ့နာမည်ကို အော်ဟစ်နေတာမို့ စုလဲ့နဲ့အတူ အိမ်ငယ်ရော ရွက်ဝါပါ အောက်ထပ်ကို ဆင်းလာခဲ့လိုက်၏ ...
အိမ်အောက်ရောက်တော့ အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ လူတစ်ယောက်က လက်တစ်ဖက်ကို ခါးထောက်ကာ နောက်တစ်ဖက်က ကားသော့ကို ကိုင်ရမ်းလျက် လေပါချွန်နေသေးသည် ...

စုလဲ့က ထိုလူကိုမြင်တော့ မဲ့ပြုံးတစ်ချက်ပြုံးကာ ...

"ဟာ ... ကို လဆုတ် "

"ဘာ လဆုတ်လဲ ... ငါ ခေါင်းခေါက်လိုက်ရ "

ထိုလူကို လက်ရွယ်လိုက်တော့ စုလဲ့က စပ်ဖြီးဖြီးလေးလုပ်ကာ ဧည့်ခန်းထဲက ဆိုဖာမှာ ဝင်ထိုင်လိုက်တာကြောင့်
အိမ်ငယ်နဲ့ ရွက်ဝါလည်း စုလဲ့ဘေးဝင်ထိုင်လိုက်ကြသည် ...

"ကိုလဆုတ်က စုလဲ့ရောက်နေတာ ဘယ်လိုသိလဲ "

"ဘွားဘွားကြီးက ပြောတာလေ ... နင် မိုးညှင်းရောက်နေတယ်တဲ့ သူငယ်ချင်းတွေရောပါလာတယ်ဆိုလို့ ငါလာခဲ့တာ "

စုလဲ့နဲ့စကားပြောနေပေမယ့် အကြည့်ကတော့ ဘေးက သူမသူငယ်ချင်းနှစ်ယောက်ကို လှမ်းကြည့်နေ၏ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now