အပိုင်း ၃၃

2.2K 64 0
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၃၃)

ဒီနေ့လည်း ကိုကြီးက အပြင်သွားဖို့ လာခေါ်မယ်ဟုဆိုတာကြောင့် အိမ်ငယ်ပြင်ဆင်ပြီး ခြံရှေ့ထွက်ကာ စောင့်နေလိုက်၏ ...

ထိုအချိန် လပြည့်ကလည်း ကားနဲ့ရောက်လာပြီး ခြံရှေ့မှာရပ်နေတဲ့သူမကိုမြင်တာကြောင့် ကားမှန်ကိုကြည့်ကာ ကေသလိုက်ပြီး ပိရိသေသပ်နေတဲ့ အကျီကော်လံကိုလည်း ပြန့်ပြူးနေအောင် ထပ်မံလုပ်ကာ ကားပေါ်က ဆင်းလာပြီး ...

"အိမ်ငယ် အပြင်သွားမလို့လား "

"ရှင် ... ဟုတ် "

"ဪ ... ဘယ်သွားမလို့လဲ ကိုယ်လိုက်ပို့မယ်လေ "

"ဟို ... လာခေါ်မယ့်သူရှိတယ်ရှင့် "

"ဟုတ်လား ... ဘယ်သူလာခေါ်မှာလဲ "

"အိမ်ငယ့် ချစ်သူပါ "

"ဪ ... ဟင် ချစ် ချစ်သူ ... အိမ်ငယ့်ချစ်သူနဲ့က လမ်းခွဲလိုက်ပြီမဟုတ်ဘူးလား "

"ဟုတ် ... အခု ပြန်တွဲတာပါရှင့် "

"ဟင် ... ဘာလို့ပြန်တွဲတာလဲ "
လပြည့်ကတော့ မျက်နှာကြီးမဲ့ကျကာ ဇက်ကြီးလိမ်လျက် ...

"ရှင် "

"ဟို ... အဲ့ဒါဆို တကယ်ကြီး ပြန်တွဲသွားကြပြီပေါ့နော် "

"ဟုတ် "

"အခု သူက ဒီရောက်နေတာပေါ့ "

"ဟုတ်တယ်ရှင့် ... ဟော ပြောရင်းနဲ့လာပြီ "

သူမတို့အရှေ့တည့်တည့်ရပ်လာတဲ့ ကားအဖြူလေးကို လက်လက်ညှိုးထိုးပြကာ ပြောလိုက်တော့ လပြည့်လည်း သူမပြတဲ့ကားဆီ လှမ်းကြည့်လိုက်၏ ...
ကားပေါ်မှ အရပ်ရှည်ရှည် အသားဖြူဖြူနှင့် လူတစ်ယောက်
ဆင်းလာပြီး အိမ်ငယ့်ကိုပြုံးပြကာ ...

"ချာတိတ် သွားမယ်လေ "

"ဟုတ် "

သူမကလည်း ခေါင်းငြိမ့်ကာ ထိုလူ့ဆီသွားလိုက်ပြီးမှ သူ့ဘက်ကိုလှည့်လာကာ ...

"ကိုလပြည့် သွားလိုက်ပါဦးမယ်ရှင့် "

"ဟင် ... အင်း "
လပြည့်ကတော့ သူမတို့ကားထွက်သွားသည်အထိ ခြံရှေ့မှာ ငိုင်ပြီးကျန်ခဲ့ရ၏ ...
........

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now