🦋မိန်းကလေး အချစ်ပါ🦋 အပိုင်း (၉)
"အဲ့ဒီကောင်မလေးက ဘယ်သူလဲဟင် "
ထိုကောင်မလေးထွက်သွားတာနှင့် ဆုလည်း ဒေါက်တာ့ကိုလှမ်းမေးလိုက်၏ ...
ဒေါက်တာ့မေမေကို ခေါ်တာလည်း မေမေသက်တဲ့
ခုနက ဓာတ်ပုံထဲက ကောင်မလေးမှန်းသိတာကြောင့် ဆုမေးလိုက်တော့ ဒေါက်တာ့ မေမေက ဝင်ေဖြလာခဲ့၏ ..."အိမ်ငယ်လေးလား ...ဟိုဘက်အိမ်ကလေ ... နှင်းအိမ်ငယ်တဲ့ ... အန်တီ့အတွက် သမီးလေးတစ်ယောက်လိုပါပဲ ... နောက်ပြီး အန်တီက သားနဲ့လည်း သဘောတူထားတာလေ"
ဒေါ်သက်ထား တမင်သိမောင်ပြောထားလိုက်သည် ။
"ဪ..."
ဆုမျက်နှာက သိသိသာသာကို ပျက်ယွင်းသွားတော့၏ ...ထူးခြားကတော့ ဘာကိုမှ စိတ်ထဲမရောက်ပဲ ထွက်သွားတဲ့ ချာတိတ်ကိုပဲ စိတ်ပူနေမိကာ ဖင်တကြွကြွ ...
ဒီကောင်မလေးက အတွေးကလွန်တတ်တာနဲ့တော့ ...
ဧည့်သည်ကလည်း ကိုယ့်ဧည့်သည်ဆိုတော့ ထထွက်သွားလို့လည်း မကောင်းတာကြောင့် အောင့်အီးကာ ထိုင်နေရတော့သည် ...
ဒါပေမယ့် ထိုစကားဝိုင်းကစကားသံတွေကိုတော့ ကြားနေရပေမယ့် စိတ်ထဲကိုမရောက် ........
"ဒေါက်တာ ဒေါက်တာ ""သား ဟဲ့ သား "
ဘေးမှာ ကပ်ထိုင်နေပေမယ့် အသိမရှိတဲ့လူလို ခေါ်တာမကြားတာကြောင့် ဒေါ်သက်ထား ထူးခြားကို ပခုံးတစ်ချက်ပုတ်ကာ ခေါ်လိုက်မှ ..."ခင်ဗျာ ... ဗျာ "
"ဒေါက်တာ ဘာတွေတွေးနေတာလဲ "
"ဘာမှ မတွေးပါဘူးဗျ "
"ဟုတ် ... ဆုပြန်တော့မယ်လို့ ပြောမလို့ပါ "
"ဪ ... ဟုတ်ကဲ့ "
"ဟုတ် ... အဲ့ဒါဆို ဆုပြန်တော့မယ်နော် ...နောက်ကြုံမှပြန်လာလည်မယ်နော် ... ဒေါက်တာလည်း ဆုတို့အိမ်လာလည်ပါဦးနော် "
"ဟုတ်ကဲ့ပါဗျ "
"ဆုကို ခွင့်ပြပါဦး အန်တီ "
ဒေါက်တာ့မေမေကိုလည်း လှမ်းကြည့်ကာ နှုတ်ဆက်လိုက်၏ ..."အေးအေး သမီး "
"ဟုတ် "
ဆုပြန်သွားတော့ ထူးခြားလည်း ဒေါ်သက်ထားဘက်လှည့်ကာ ...
YOU ARE READING
🦋မိန်းကလေးအချစ်ပါ🦋
Romance🦋 မိန်းကလေးအချစ်ပါ 🦋 (ရင်ခွင်ထဲက သတို့သမီး S2) ထူးခြား 🩺 အချစ်က ဒုတိယအကြိမ် ထွက်ပေါ်လာဦးမယ်လို့ ဘယ်သူထင်မိမှာလဲ ... တစ်ခါသေဆုံးပြီးတဲ့ ကိုယ့်နှလုံးသားကို ဆွဲလှုပ်နှိုးယူလိုက်သူကတော့ နှင်းအိမ်ငယ်ဆိုတဲ့ ချာတိတ်မလေးပေါ့ ... ကိုယ့်အတွက် ချာတိတ်က အချ...