အပိုင်း ၃၇

4.7K 110 6
                                    


🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၃၇)

"ဟယ် ဒေါက်တာ ပြန်ရောက်ပြီလား"
‌ထူးခြား ဆေးရုံထဲ ဝင်ဝင်ချင်း ဒေါက်တာခင်သူဇာနဲ့ တန်းတွေ့တာနှင့် သူမက ပြုံးပြကာ မေးလိုက်၏ ...

"ဟုတ်ကဲ့ဗျ"

"ဘယ်သွားတာလဲဟင် အမျိုးတွေဘာတွေဆီ အလည်သွားတာလား "

"မဟုတ်ဘူးဗျ ... မိုးညှင်းဘက် သွားတာပါ ... ကောင်မလေးကို လိုက်ချော့တာ အဟင်း "

"ဟယ် ... ဒေါက်တာ့မှာ ကောင်မလေးရှိတာလား သူဇာတို့တောင်မသိဘူး... ဒေါက်တာက လျှိုထားတာပဲ "

ဆေးရုံတစ်ခုလုံးက လူပျိုလူလွတ်ဖြစ်တဲ့အပြင် ရည်းစားပါမရှိဘူးဟု သိထားကြပြီး ဆေးရုံက နာ့စ်မလေးတွေနှင့် ဆေးကျောင်းအပြီး ဒေါက်တာအသင်ကောင်မလေးတွေရဲ့ အသည်းစွဲဖြစ်နေတာမလား ...

"အဟင်း ... အဲ့လို တမင်လျှိုထားတာတော့မဟုတ်ပါဘူးဗျ "

"ဘယ်သူများလဲ ... ကျွန်မတို့ ဒေါက်တာ လူပျိုကြီးရဲ့ ကျောက်ဖြစ်နေတဲ့ ‌နှလုံးသားကို  ရသွားသူလေးက "

"ဟိုတစ်ခါ ဆေးရုံကို  လာဖူးသေးတယ်လေ ... အမတို့နဲ့တောင် ဆုံသေးတယ် "

"ဪ ... ဟို ဒေါက်တာ့ အသိညီမလေးဆိုတာလား "

"ဟုတ် ... အဲ့ဒါ ကျွန်တော့အသိညီမလေးမဟုတ်ပါဘူးဗျ ကျွန်တော့်ချစ်သူကောင်မလေးပါ "

"ဟယ် ... ဟုတ်လား ကောင်မလေးက ငယ်သေးတယ်နော် ... နောက်ပြီး ချစ်စရာလေး သွက်မယ့်ပုံလေးပဲ "

"ဟုတ် အရမ်း ချစ်ဖို့ကောင်းတယ် "

"အမယ် ...ရေခဲတုံး ထူးခြားတောင် အခုလိုတွေ ပြောတတ်နေပြီပေါ့ "

"အဟင်း ... ဟင်း ဟင်း "
ပြောပြီးမှ ရှက်သွားသလိုရကာ လည်ပင်းကို လက်နဲ့ပွတ်လိုက် မျက်မှန်ကို ပင့်တင်လိုက်လုပ်နေ၏ ...

"ထင်တော့ထင်ပါတယ် ဒေါက်တာ အဲ့ကောင်မလေးကို ကြည့်တဲ့အကြည့်တွေက သူများကိုကြည့်တဲ့အကြည့်တွေနဲ့မတူဘူး ..ချိုမြနေတာလေ ..."

"..."

"ဘယ်တော့လောက်စားရမလဲ ..."

"ချာတိတ်က သူဘွဲ့ရပြီးမှ လက်ထပ်ချင်တယ်ဆိုလို့ လိုဦးမယ်ဗျ "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now