🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၁၇)
ဒီနေ့ ကိုကြီးပြန်လာမှာမို့ ညနေလောက်မှ ရောက်မှာပေမယ့် နေ့လည်တည်းက ကိုကြီးအိမ်မှာ သွားစောင့်နေလိုက်၏ ...
မေမေသက်နဲ့ စကားတပြောပြောနှင့် ညနေစောင်းသွားကာ အိမ်ရှေ့က ကားသံလေးကြားရတော့ ရင်တွေ ခုန်သွားရကာ လှမ်းကြည့်လိုက်မိတော့ ကိုကြီးရဲ့ကားဖြူလေးပင် ...
အိမ်ငယ်ရော မေမေသက်ပါ အိမ်ရှေ့အမြန်ထွက်ခဲ့ကြပြီး ...
"ကိုကြီး ပြန်ရောက်ပြီလား "
"အွန်း "
ကိုကြီးကားပေါ်ကနေ အထုပ်တွေချလာတာကြောင့် အိမ်ငယ်လည်းဝိုင်းသယ်ပေးကာအိမ်ထဲဝင်ခဲ့လိုက်ကြ၏ ...
အထုပ်တွေ ချပြီး water cooler နားပြေးကာ ရေတစ်ခွက်ခပ်ပြီး ကိုကြီးကို ပေးလိုက်သည် ..."ကိုကြီး ရေသောက် "
"အွန်း ... လိမ္မာတယ် "
ကိုကြီးက ခရီးပမ်းလာတာကြောင့် ခဏနားပြီး ရေတက်ချိုးတာကြောင့် အိမ်ငယ်လည်းပြန်ခဲ့လိုက်တော့သည် ...
လွမ်းနေရတဲ့ ကိုကြီးမျက်နှာကိုလည်း တွေ့ခဲ့ရပြီလေ ...
အိမ်ငယ့်ကိုကြီးက ဘယ်အချိန်ကြည့်ကြည့်ကို သဘောကျစရာကြီးပါလေ ...
.........ဒီနေ့ အိမ်ငယ့် မွေးနေ့ဖြစ်တာကြောင့် သူငယ်ချင်းတွေအားလုံးနှင့် ကိုကြီးကို တရားဝင်မိတ်ဆက်ပေးပြီး ဆိုင်တစ်ဆိုင်မှာ မွေးနေ့ပွဲကျင်းပမှာဖြစ်ပြီး ကိုကြီးကိုလည်း မေန့ညကတည်းက ပြောထားလိုက်သည် ...
"ကိုကြီး "
"ဗျ "
"ဟီး ထူးတာလေးက ချစ်စရာလေး "
"ဟောဗျာ "
"အဟီး အဲ့တာကြောင့် ချစ်နေရတာ "
"ချာတိတ်မနဲ့တော့ ခက်နေပါပြီကွာ အဲ့တာတွေက ယောက်ျားလေးက ပြောရတာလေ "
"ဘယ်သူပြောပြောပေါ့ ... ကိုကြီးက တကယ်ချစ်စရာကြီးကို "
"ဟုတ်ပါပြီဗျာ "
"ကိုကြီးကို ပြောစရာရှိလို့ "
"အွန်း ပြောလေ "
"မနက်ဖြန် အိမ့်ငယ်မွေးနေ့လေ ... အဲ့တာ ကိုကြီးကို အိမ်ငယ့်သူငယ်ချင်းတွေအားလုံးနဲ့ တရားဝင်မိတ်ဆက်ပေးချင်လို့ "
YOU ARE READING
🦋မိန်းကလေးအချစ်ပါ🦋
Romance🦋 မိန်းကလေးအချစ်ပါ 🦋 (ရင်ခွင်ထဲက သတို့သမီး S2) ထူးခြား 🩺 အချစ်က ဒုတိယအကြိမ် ထွက်ပေါ်လာဦးမယ်လို့ ဘယ်သူထင်မိမှာလဲ ... တစ်ခါသေဆုံးပြီးတဲ့ ကိုယ့်နှလုံးသားကို ဆွဲလှုပ်နှိုးယူလိုက်သူကတော့ နှင်းအိမ်ငယ်ဆိုတဲ့ ချာတိတ်မလေးပေါ့ ... ကိုယ့်အတွက် ချာတိတ်က အချ...