အပိုင်း (၁၁)

3K 76 4
                                    

🦋 မိန်းကလေး အချစ်ပါ 🦋 အပိုင်း (၁၁)

"အဟမ်း ... ငါပြောစရာတစ်ခုရှိတယ် "

ကန်တင်းမှာ မုန့်တွေမှာနေရင်း ချောင်းဟန့်ကာ ထွက်လာတဲ့ အိမ်ငယ့်အသံကြောင့် အားလုံးရဲ့ အကြည့်တွေက အိမ်ငယ့်ဆီသို့ စုပြုံရောက်လာကာ ဘာလဲဆိုတဲ့ အမေးပုံစံတွေနှင့်ပင် ...
အိမ်ငယ်လည်း ပါးချိုင့်လေးခွက်ဝင်သွားအောင် တစ်ချက်ပြုံးလိုက်ကာ ...

"ငါနဲ့ ကိုကြီး ချစ်သူတွေ ဖြစ်သွားကြပြီ ... ဟီး "

ပြောလည်းပြော ကိုယ့်ဟာကိုယ် သဘောကျနေမိပြန်သည် ...

"ဟယ် "

"ဟင် "

အိမ်ငယ်ကလွဲကျန်တဲ့သူ‌ေတွ အားလုံးကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့ဩကုန်ကြတော့သည် ...

"ဟဲ့ အိမ်ငယ် ကိုကြီးဆိုတာ ဟို ဟို နင့်ရဲ့ ဒေါက်တာ ကိုကြီးကို ပြောနေတာလား "

"အေးပေါ့ဟ ... ငါ့မှာ ဘယ်က ကိုကြီး ရှိသေးလို့လဲ "

"ဟယ် တကယ်ကြီးလား နင်နောက်နေတာတော့ မဟုတ်ပါဘူးနော် "

"ငါက နောက်စရာလားဟဲ့ ... ဒါမျိုးက နောက်စရာကိစ္စမှမဟုတ်တာ "

"နင်ပြောတော့ ဟိုတစ်နေ့က နင်အငြင်းခံလိုက်ရတယ်ဆို "

"အင်း‌ ဟုတ်တယ် ... အဲ့နေ့က ငါဖွင့်ပြောတုန်းက ကိုကြီးက ငြင်းလိုက်တယ် ... ဒါပေမယ့် အခု ကိုကြီးက အရင် တွဲဖို့ပြောတာ "

"ဟယ် နင့်ကိုကြီး ဆေးစားများမှားသွားတာလား"

"မှားစရာလားဟဲ့ ... ငါ့ကိုကြီးက ဒေါက်တာပါဆို "

"ဟဲဟဲ မသိပါဘူး သူပဲငြင်းပြီး သူပဲ တွဲဖို့ပြန်ပြောတော့ ဂေါက်များဂေါက်သွားတာလားလို့ "

"ဟွန့် ဂေါက်စရာလား "

အိမ်ငယ်က စုလဲ့တို့နဲ့ ပြုံးပျော်ကာ ပြောနေပေမယ့်  ကြိတ်နိုင်ခဲမရ အံတကြိတ်ကြိတ်ဖြစ်နေသူကတော့ ဖြိုးမင်းသူဖြစ်၏ ...

"အဲ့လူက နင့်ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား နင့်ကို အပျော်ကံ့နေတာရော မဖြစ်နိုင်ဘူးလား "

"ဟဲ့ ဖြိုးမင်းသူ နင့်စကားက ဘာစကားလဲ ... ကိုကြီးက ငါ့ကို ဘာလို့တကယ်မချစ်ရမှာလဲ နင့်သက်သက်မဲ့ သူများအပျော်ကို လာဖျက်စီးမနေနဲ့ "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now