အပိုင်း (၂၂)

3.3K 79 4
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂၂)

"အခုရော ချစ်သွားပြီလား "

"..."
အိမ်ငယ်ကတော့ ဘာမှပြန်မပြောနိုင်ပဲ အကြာကြီးဝအောင်နမ်းပြီးမှ လွှတ်ပေးလာတာကြောင့်  အသက်ကိုသာ လုရှူနေရသည် ...

"ဗိုက်တောင် သိပ်မဆာတော့သလိုပဲ အဟက် "
စိုစွတ်နေတဲ့ သူ့နှုတ်ခမ်းကို လက်မနဲ့ ပွတ်ကာ ညစ်ကျယ်ကျယ် ဆိုလိုက်တာက အမြင်ကပ်စရာလေးပင်ဖြစ်၏ ...

"ကိုကြီးနော် လမ်းမှာကြီးကို ရှက်စရာကြီး "

နမ်းတုန်းက ရုတ်တရတ်ကြီးမို့ ဘာမှ မခံစားလိုက်ရပဲ ခုမှ ရင်တွေ တဒိန်းဒိန်းနဲ့ လှုပ်ခုန်နေရသည် ...
ခုထိ နွေးထွေးစိုစွတ်နေတဲ့ နှုတ်ခမ်းလေးကလည်း အနည်းငယ် တုန်ခါနေချင်သေး၏ ...

"ချာတိတ်က ကိုယ့်ကို မချစ်တော့ဘူးလို့ ပြောတာကိုဗျ "

"ကိုကြီးက အိမ်ငယ့်ကို ခဏခဏ ငိုရအောင်လုပ်တာကို ... "

"ကိုယ်တောင်းပန်တယ်နော် နောက်မလုပ်တော့ဘူးလို့လည်း ကတိပေးတယ် ဟုတ်ပြီလား "

"ဟုတ် ... နောက်တစ်ခါဆိုရင်တော့ အိမ်ငယ် ကိုကြီးအနားကနေ ထွက်သွားတော့မှာ "

"ဟောဗျာ ... ပေါက်ကရတွေ ဘယ်မှ မသွားရပါဘူး "

"အဲ့ဒါတော့ ကိုကြီးနဲ့ပဲ ဆိုင်တယ် ...
ဒါနဲ့ ဒီနေ့ ကိုကြီး တစ်ခုခု စားရဦးမှာလား "

ခုနက တုန်းကတော့ ဗိုက်တွေတအာဆာနေပြီဆိုပြီး ခုကျတော့လည်း သူမဟုတ်တဲ့အတိုင်းပဲ ...

"အဟင်း အချိုတည်းလိုက်ရလို့ ဗိုက်တောင်သိပ်မဆာတော့သလိုပဲ "

"ကိုကြီးနော် ပေါက်ကရတွေ ပြောပြန်ပြီ‌ ... အခု စားသောက်ဆိုင်ကို မောင်းတော့ "

"ဟုတ်ကဲ့ပါခင်ဗျာ အမိန့်တော်မြတ်အတိုင်းပါခင်ဗျ "

အိမ်ငယ်ကတော့ ကိုကြီးကိုကြည့်ပြီး ခေါင်းတရမ်းရမ်းနှင့် ပြုံးနေမိတော့သည် ...
..........

"ဟဲ့ အိမ်ငယ်မ မနေ့က ငါတို့ကို ဘာလို့မစောင့်တာလဲ ... exam ဖြေပြီးရင် ဆိုင်ထိုင်ကြမယ်လို့ ပြောထားတာကို "
စုလဲ့က နှင်အိမ်ငယ်ဘေဝင်ထိုင်ကာ အနည်းငယ် စိတ်တဆိုးနေဟန်နဲ့ မေးလာတာကြောင့် ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now