အပိုင်း (၃၂)

3.4K 116 1
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၃၂)

"စုလဲ့ အိမ်ငယ်ရော "

ဖြိုးမင်းသူ နှင်းအိမ်ငယ်အား တစ်အိမ်လုံးပတ်ရှာပြီး မတွေ့တဲ့အဆုံး ဧည့်ခန်းမှာထိုင်ကာ ဖုန်းသုံးနေတဲ့ စုလဲ့နားဝင်ထိုင်ကာ မေးလိုက်၏ ...

"စုလဲ့ ငါမေးနေတယ် အိမ်ငယ်ဘယ်သွားတာလဲလို့ "
သူ့ကိုသာ မော့ကြည့်ပြီး ဘာမှ ပြန်မဖြေတဲ့စုလဲ့ကြောင့် နောက်တစ်ကြိမ်ထထပ်မေူလိုက်တော့မှ မယ်မင်းကြီးမက ခေါင်းကိုကုတ်ကာ ...

"ဟင် .. အင်း ဟို အိမ်ငယ်ကလေ "

"ဘာဖြစ်နေတာလဲ ... အိမ်ငယ်က ဘယ်သွားလို့လဲ "

"အိမ်ငယ်ကလေ ... သူ့ကိုကြီးလာခေါ်လို့ ခဏလိုက်သွားတာ "

"ဘာ ... သူ့ကိုကြီးဆို ... ဟိုလူလား သူက ဒီကို ဘယ်လိုရောက်လာတာလဲ "
ဖြိုးမင်းသူ အလိုမကျစွာ မျက်ခုံးကို တွန့်ချိုးလိုက်သည် ...

"အဲ့တာတော့ ငါလည်း မသိဘူးဟ ... ခြံရှေ့မှာ အိမ်ငယ့်ကို အတင်းခေါ်နေလို့ အိမ်ငယ်လည်းလိုက်သွားတာ "

"သူတို့ ဘယ်ကို သွားတာလဲ နင်သိလား "

ဖြိုးမင်းသူက ထိုင်နေရာမှ ထကာ သူမနောက် လိုက်ဖို့ပြင်တော့၏ ..

"အဲ့တာတော့ ငါလည်းမသိဘူးလေ ... နင်ကလည်း ထိုင်ပါဟဲ့ ပြန်လာမှာပါ ... ခဏပဲလို့ ပြောသွားတယ် "

"ကျစ် အိမ်ငယ်ကလည်း အဲ့ဒီလူနဲ့ ဘာလို့ လိုက်သွားရတာလဲ မသိဘူး ... နင်ကလည်း လာခေါ်တယ်ဆိုတိုင်း ဒီအတိုင်းထည့်လိုက်ရသလား ... ငါ့ကိုလည်း လာမပြောဘူး "

ဘယ်သွားလဲမသိတော့ လိုက်သွားလို့လည်း မရတာကြောင့် စုပ်သပ်ကာ ဆိုဖာပေါ် စိတ်ပျက်လက်ပျက် ပြန်ထိုင်ချပြီး အနားမှာရှိတဲ့ စုလဲ့ကိုပဲ အပြစ်တင်နေလေရဲ့ ...

"သူလည်း သူ့ကိုကြီးက အတင်းခေါ်လို့လိုက်သွားတာပါဟ ... နင်ကလည်း သူ့အုပ်ထိန်းသူကြီးကျလို့ "

"အဲ့လူက အိမ်ငယ့်ကို ခဏခဏငိုအောင်လုပ်တဲ့လူလေ "

"အိမ်ငယ် အရမ်းချစ်တဲ့သူဆိုလည်း ဟုတ်တယ်လေဟာ "

"ကျစ် "

အလိုမကျမှုကြောင့် ဘာမှပြန်မပြောတော့ပဲ စုပ်သပ်ကာ အပေါ်တက်သွားပြီးမှ ပြန်ဆင်းလာပြန်ကာ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now