အပိုင်း ၃၈

4.8K 108 7
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၃၈)

"ချာတိတ် "

သူ့ထဲသို့ ဟင်းတွေ တစ်မျိုးပြီးတစ်မျိုးထည့်ပေးနေတဲ့ သူမအား ခေါ်လိုက်ရာ သူမက မျက်လုံးလေးလှန်ကာ ကြည့်လာပြီး ...

"ရှင် "

"ကိုယ်တို့ စေ့စပ်ကြရအောင် "

"ဟင် "

အိမ်ငယ် မျက်လုံးလေးအပြူးသားနှင့် ကိုကြီးအား တအံ့တဩကြည့်လိုက်မိသည် ...

"ဟုတ်တယ် ... ချာတိတ် လက်မထပ်ချင်သေးဘူးဆိုလည်း ကိုယ်တို့ စေ့စပ်ထားကြရအောင်လေ ... ကိုယ် အမေ့ကိုလည်း ပြောပြီးပြီ ... ချာတိတ်ကို လိုက်တောင်းပေးဖို့ "

"ဟယ် "
ဆက်ပြောလာတဲ့ ကိုကြီးစကားတွေကြောင့် ရင်ထဲဗလောင်ဆူကာ ပါးစပ်လေးလည်း အဟောင်းသားဖြစ်နေရသည် ...

"နော် ကိုယ်တို့ စေ့စပ်ထားကြမယ်လေ"

"အင်းပါ ... ကိုကြီးသဘောပဲလေ  "

"ဟား ချစ်ဖို့ကောင်းလိုက်တာကွ မွ "

ထိုင်နေရာမှ သူမပါးမို့မို့လေးအား လှမ်းနမ်းလိုက်၏ ...

အိမ်ငယ်ကတော့ ကိုကြီးနမ်းလိုက်တာကြောင့် တစ်ယောက်ယောက်များ မြင်သွားပြီလားဟု မလုံမလဲဖြသ့် ပါးလေးအုပ်ကိုင်ကာ အပြင်ကို လှမ်းကြည့်လိုက်၏ ...
ကိုကြီးနားခန်းက မှန်ကာထားတာမို့ အတိုင်းသားမြင်နေရ၏ ...
ဘယ်သူမှ မရှိတာသေချာသွားမှ သက်ပြင်းလေးဖွဖွချကာ အရှေ့မှ ပြုံးစိစိလုပ်နေတဲ့ ကိုကြီးအား မျက်စောင်းလေးထိုးကာ နှုတ်ခမ်းကို ကိုက်လျက် ...

"ကိုကြီးနော် ဘာမှန်းလည်းမသိဘူး "

"ဟားဟား မွှေးလိုက်တာဗျာ ..."

"ဟွန့် "
အိမ်ငယ်က နှာခေါင်းလေးကို ရှုံ့ပြလိုက်တော့ ထူးခြားက အူယားကာ  သူမနှာခေါင်းလေးအား မနာအောင်ဖွဖွလိမ်ဆွဲလိုက်သည် ...

"အ ... ကိုကြီးနော် ... သူ့ဆေးရုံရောက်နေတယ်ဆိုပြီး အိမ်ငယ့်ကို အနိုင်ကျင့်တယ် "

"အား ... အူယားလို့ပါဗျာ ပုဒ်မကြီးကလည်း ကြောက်စရာကြီး "

"ဟွန့် အခုတောင် အရမ်းအနိုင်ကျင့်နေတာ ... ယူများပြီးသွားရင် ဘယ်လိုနေမလဲ မသိဘူး "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now