အပိုင်း (၄၀)

2.4K 59 2
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၄၀)

"ဟော သမီး ဆင်းလာပြီ ... လာ လာ သမီး "

"ရှင် ဟုတ် မေမေ "

အိမ်ငယ် မျက်နှာသစ်အဝတ်အစားလဲကာ မနက်စာစားဖို့ အိမ်ပေါ်ကဆင်းလာတော့ အောက်ထပ်မှာ ဖေဖေနဲ့မေမေအပြင် ကိုကြီးနဲ့မေမေသက်အပါအဝင် လူကြီးတွေအစုံအလင်ရောက်နေကြတာကြ၏။ 
မေမေက လှမ်းခေါ်နေတာကြောင့် လူကြီးတွေရှေ့မှ ခေါင်းလေးငုံကာ မေမေ့ဘေးသို့ဝင်ထိုင်လိုက်ပြီး ဘာလုပ်နေကြသလဲဆိုတာ စူးစမ်းသလိုလေးကြည့်လိုက်သည်။
ကိုကြီးက ခါတိုင်း ဆေးရုံသွားချိန် ဝတ်တဲ့အဝတ်အစားမျိုးမဟုတ်ပဲ စတစ်ကော်လံအဖြူရောင် ပိုးပုဆိုးကိုကျကျနနဝတ်ထားကာ မေမေသက်ကလည်း ခါတိုင်းနှင့်မတူပဲ ဝတ်ကောင်းစားလှတွေနှင့်ဖြစ်ပြီး အကုန်လုံးက အိမ်ငယ့်အားပြုံးကာ ကြည့်နေကြ၏။
ဘေးမှာလည်း လည်ကတုံးနှင့် တိုက်ပုံဝတ်ထားတဲ့ လူကြီးတွေကလည်း တပြုံးပြုံးနှင့်ပင်။
ဒီအခြေအနေက ဘယ်လိုမျိုးကြီးလဲ။
သူမ တစ်ယောက်တည်း အဖြေရှာနေမိရင်း ဒေါ်နှင်းခက်က သူမသမီးကိုကြည့်ကာ ...

"သားထူးခြားက မေမေတို့ဆီ သမီးကို လာတင်တောင်းတာတဲ့ "

"ရှင် "

သူမ ပါးစပ်အဟောင်းသားလေးဖြစ်သွားကာ သူမ အရှေ့တည့်တည့်က ထူးခြားအားကြည့်လိုက်တော့ ဘာမှမဟုတ်တဲ့အတိုင်း ပခုံးတစ်ချက်တွန့်ပြလာ၏။ 

"သမီး အဝတ်အစားသွားလဲလိုက်ဦးလေးကွယ် "

"ရှင် ဟုတ် ဟုတ် မေမေ "
သူမ ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိတော့ တီရှပ်အပွတစ်ထည်နဲ့ အိမ်နေရင်း ဘောင်းဘီအပွတစ်ထည်သာဝတ်ထားပြီး ဘေးမှာ ထိုင်နေကြတဲ့သူတွေထဲ သူမတစ်ယောက်တည်းသာ ကွဲထွက်နေ၏။
အားလုံးကို ခပ်ယဲ့ယဲ့ ပြုံးပြကာ အဝတ်အစားလဲဖို့ အပေါ်တက်ခဲ့ကာ ဗီဒိုထဲမှာ သီးသန့်ထည့်ထားတဲ့ ဘုရားသွားကျောင်းတက် မြန်မာဝတ်စုံတွေထဲမှ ကိုကြီးနှင့်ဆင်တူ အဖြူ‌ဝမ်းဆက်လေးအား ထုတ်လဲလိုက်ပြီး မျက်နှာကိုလည်း အနည်းငယ် ပြင်ဆင်ကာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်သေချာပြန်ဖြီးပြီး မတိုမရှည်ခါးလောက်ရှိတဲ့ဆံပင်လေးတွေအား ဖားလျားချကာ အစွန်းနှစ်ဖက်အား နည်းနည်းဆီယူကာ နားအနောက်သိူ့ပို့လိုက်ပြီး  ကလစ်လေးနှင့် စုကာ ထိန်းညှပ်လိုက်သည်။

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now