Part_1(Zawgyi)

17.8K 113 3
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_1

"ဖေဖေ လိမ်တယ်"

ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် တစ်ယောက်တည်း ငိုင်နေသော သက်သော်တာထွဋ်တစ်ယောက် ငိုချင်စိတ်ကို ထိန်းထားကာ ဝဲတက်လာသော မျက်ရည်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ပစ်ပြီး ကြည်လင်တောက်ပနေသော အပြာရောင် မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်လေသည်...

"သော်တာ နင့်အိမ်က တစ်ယောက်မှမလာဘူးလား"

ဘော်ဒါတွေ မေးလာသော အသံကို မသိကျိုးကျွံပြုနေစဉ်...

"သော်တာလေး ကိုကိုတို့ နောက်ကျသွားလား"

နောက်ဆုံးတော့ အနော်ကို အမြဲတမ်း နားလည်ပေးနေကျ လူသားနှစ်ယောက်ရဲ့ အသံတွေကို ကြားလိုက်ရတဲ့ အချိန်မှာ မဲ့တဲ့တဲ့ ဖြစ်နေတဲ့ နှုတ်ခမ်းလေး တစုံဟာ အပေါ်ကို ကွေးတက်သွားတော့သည်....

သူတို့က တစ်ခြားသူတွေတော့ မဟုတ် သော်တာရဲ့ Cousin brotherတွေ ဖြစ်တဲ့ ကိုထက်ဦးဝေနှင့်
ကိုဝေဘုန်းဟန်......

"ဟ သော်တာ ဘာပုံကြီးလဲကွာ"

အစ်ကိုနှစ်ယောက်က သော်တာ့ အရှေ့မှာ လာရပ်ပြီး အနော်ပုံကို ကြည့်ကာ ခေါင်းတယမ်းယမ်း....

"ဘွဲ့ယူတဲ့ နေ့လေးတော့ ဆံပင်လေးဘာလေး ထုံးမှပေါ့ဟ အခုတော့ နင်ရဲ့​ခေါက်ဆွဲခြောက်ဆံပင်ပုံစံကြီးနဲ့ ကြည့်စမ်း"

"ကိုထက်ကြီးနော် အနော့ဆံပင်လှလှလေးကို ဘာခေါက်ဆွဲခြောက်လဲ"

အနော်ရဲ့ ဆံပင်တွေဟာ ခွေခွေကောက်ကောက်လေးတွေဖြစ်ပြီး ခါးလောက်ထိ ရှည်လေသည်...ဆံထုံးကတော့ အနော်ကထုံးမှ မထုံးတတ်တာ...အလှပြင်ဆိုင်မှာ သွားပြင်ဖို့ကလည်း ဝါသနာမပါတော့ သပ်ရပ်နေအောင် မြင့်မြင့်လေး စုစည်းထားတဲ့ဟာကို...

"အင်္ကျီကလည်း ပါတိတ်ကြီးနဲ့လား ဂွမ်းလိုက်တာဟာ"

"အောင်မယ် ဒါ မေမေ့င်္အကျီပါနော် မေမေ့ဘီရိုထဲကနေ ရှာဝတ်လာတာ ဘာဂွမ်းတာလဲ ...ဘာဂွမ်းတာလဲလို့ ကိုဝေကြီး"

"ဗြန်း"

ပြောလည်းပြော ဝေဘုန်းဟန်ရဲ့ ကျောကို ရိုက်ချပစ်လိုက်တဲ့ သက်သော်တာထွဋ်ရဲ့လက်ဟာ စက်ထက် မြန်လေသည်...

⚜️Nay Tin's Love Story⚜️Where stories live. Discover now