Part_73

21.9K 1K 38
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_73

ဦးထွဋ်မြတ်အောင် ပြောသောနေရာသို့ တိတိကျကျ ရောက်သွားချိန်တွင် ဘယ်သူမှ ရှိမနေပဲ အုတ်ဂူတွေကိုသာ တွေ့ရလေသည်....

"ဘေဘီနွယ်ထားအိမ်"
"အသက် ၂လနှင့်၁၀ရက်"
(••••••••••••• ••••••••••••••••)

"အဟက် ငါတောင် မသိလိုက်ပဲ ငါက သေခဲ့ရတာတဲ့လား ဟားဟားဟား"

ထိန်းချုပ်ထားသော မျက်ရည်တွေကို လွတ်လပ်စွာ ကျဆင်းခွင့် ပေးလိုက်ရင်း ပါးစပ်က တဟားဟား ခြောက်ကပ်စွာအော်ရယ်မိကာ ထိုအုတ်ဂူဖြူဖြူရှေ့မှာ ဒူးထောက်ချပြီး ငိုနေမိတော့သည်...

သုသာန်တစပြင်ဟာ လူသံကားသံတို့ တိတ်ဆိတ်နေပြီး လေတိုးသံ ခပ်သဲ့သဲ့လေးကိုသာ ကြားနေရလေသည်....

"ရှပ်"
"ရှပ်"
"ရှပ်"

ခြေသံကို ကြားနေရသော်လည်း နေတင်
လှည့်မကြည့်ပဲ ခေါင်းကိုငုံ့ကာ ငိုနေမြဲဖြစ်သည်....ထို့နောက် သူ့ပခုံးပေါ်ကို ကြင်နာလှသော လက်နွေးနွေးတစ်စုံ ကျရောက်လာလေသည်....ဘယ်လက်ဖြင့် မျက်ရည်တွေကို ပွတ်ဆွဲသုတ်ကာ မော့ကြည့်လိုက်တော့...

"ဟင် မောင်နေတင်"

သူမအမျိုးသားCharakanရဲ့ စီးပွားဖက်ကောင်လေး  သုနေတင်ထွဋ်...

အမျိုးသားနဲ့ ပတ်သက်တဲ့သူအဖြစ် ဒီကောင်လေးရဲ့ မင်္ဂလာပွဲကို တက်ခဲ့ဖူးပေမယ့် သားလေးနဲ့ သက်တူရွယ်တူ ဖြစ်တာကြောင့် ရင်ထဲမှာ ကိုယ့်သားလေးလို သဘောထားခဲ့မိတဲ့ လူလေး...

အခု ဒီကလေးဟာ သူမသားလေးရဲ့ အုတ်ဂူရှေ့မှာ သည်းသည်းထန်ထန်ငိုကြွေးနေရှာပါလား.....မဟုတ်မှလွဲရော  မောင်နေတင်ဟာ သူမရဲ့ သားလေး
များလား....

ပြီးတော့ ညက ကိုထွဋ်မြတ်အောင်က သွားဖြစ်အောင်သွားလိုက်နော် ထား
ဆိုပြီး စာပို့ခဲ့တာ သားလေးလာမှာကို ကြိုသိနေခဲ့တာများလား...

ဘုရား ဘုရား ဒါဆိုရင်တော့ နွယ်ထားအိမ်ဆိုတဲ့ သူမဟာ အလွန်ပင် တုံးအလွန်းတဲ့ မိခင်တစ်ယောက်ပေပဲ.....သက်တူရွယ်တူသားကို မြင်တည်းက သေချာမေးမြန်း စုံစမ်းခဲ့သင့်တာ မဟုတ်လား....

⚜️Nay Tin's Love Story⚜️Donde viven las historias. Descúbrelo ahora